ရုံးပြန်ညနေခင်းလေးမှာ
အစာပြေ မုန့်ဖက်လေး သုပ်စားကြရအောင်
မုန့်ဖက်သုပ်ကို ဆီချက် မွှေးမွှေး၊ ပဲမှုန့်ထွေးထွေး နဲ့ သုပ်စားကြမယ် 😋
သုပ်နည်းလေး ပြောပြပေးမယ်နော်
ဆီချက်နဲ့ပဲမှုန့်က အသက်ပါရှင်
ပါဝင်ပစ္စည်းလေးတွေက
**********************
မုန့်ဖတ်
ပဲမုန့်အကျက်မှုန့်
ဆီချက် (ကြက်သွန်နီ )
ငရုတ်သီးအလှော်မှုန့်
ငါးငံပြာရည်
ဟင်းခပ်မှုန့်
ပဲကပ်ကြော်
ငါးဖယ်ကြော်
ကြက်ဥပြုတ်
နံနံပင်
ပြုလုပ်ပုံအဆင့်ဆင့်
******************
ပထမ မုန့်ဖက် မမာမပျော့လေး ပြုတ်ထားလိုက်ပါတယ်
မုန့်ဖက်က ဂျပန်စူပါက 素麺အခြောက် အပြာထုပ်ကို သုံးပါတယ်၊ မုန့်ဖက်က နူးညံ့လို့ပါ။
ကြက်သွန်နီဆီချက်ချက်တဲ့အခါ အကျက်မလွန်ဘဲ အကျက်ညီအရောင်လှဖို့ ကြက်သွန်နီပါးပါးလှီးပြီး
မီးသင့်သင့်နဲ့ ဆီချက်ချက်ပါတယ်
ပဲမှုန့်ကိုတော့ ဂျပန်စူပါက ပဲမှုန့်မသုံးပါဘူး
မြန်မာကလာတဲ့ “မွှေး” ပဲမှုန့်ကို သုံးထားပါတယ်
မွှေးပဲမှုန့်က မှုန်ညက်ပြီး အကျက်ညီ အရောင်လှပြီး မွှေးမွှေးလေးပါနော်
ဂျပန်ပဲမှုန့်က အညက်နည်းပြီး အကျက်သလို Tasteမျိုးရလို့ သိပ်မကြိုက်လို့ မသုံးတာပါ။
ဂျပန်စူပါက 素麺 နူးနူးညံ့ညံ့လေး က ‘မွှေး’ပဲမှုန့် ညက်ညက်လေးနဲ့ဆို မုန့်ဖက်သုပ်လေးက အိစက်နေပါရောသုပ်ဖို့ဆိုရင် သုပ်မယ့်ပန်းကန်ထဲ
ပြုတ်ထားတဲ့မုန့်ဖက်ထည့်၊ ပဲကပ်ကြော်ချေ၊ ငါးဖယ်ကြော်ညှပ်ထည့်၊ ပဲမှုန့်ပုံ၊ ဆီချက်စမ်း ငံပြာရည်လောင်း၊ ဟင်းခပ်မှုန့်ဖြူးပြီး နယ်ပါတယ်။
ကြက်ဥပြုတ်လေးတွေ လှီးပြီး ဘေးမှာတင်ထားလိုက်ပါတယ်။
ဆီချက်ရည်နဲ့ပဲမှုန့်ကို အချိုးအစားမျှဖို့ ဂရုစိုက်ဖို့တော့လိုပါတယ်။
“Cooking demands attention & patience”ပါနော်
အခုလို ပဲကပ်ကြော် ငါးဖယ်၊ ကြက်ဥပြုတ်တို့ စုံလင်နေရင် မုန့်ဖက်သုပ်ရဲ့အရသာက Perfectနော်
