**အထမ်းမြီးရှည်**
မြီးရှည်လို့ ဆိုလိုက်တာနဲ့ မန်းလေးနဲ့တွဲသိကြပါတယ်
တကယ်က မန်းလေးမှာရောင်းကြတဲ့အထမ်းမြီးရှည်သည် အများစုက ကိုယ်တွေမြို့ရဲ့အရှေ့ဘက်နဲ့မြောက်ဘက်နယ်တဝိုက်က ရွာတွေဆီကဖြစ်နေပြန်တယ်
အခုမြီးရှည်က အညာသူချက်တတ်
သလောက်ချက်ထားတဲ့အညာမြီးရှည်ပါ။
ကိုယ့်အကြိုက်ပြောရရင် မုန့်ဖတ်အတုတ်ကြီးနဲ့စားရတာ ပိုကြိုက်ပါတယ် ဝါးလိုက်တာနဲ့ ဆိမ့်နေရော။
(ဒီမှာတော့ တချို့က Udon နဲ့စားကြတယ်
ကိုယ်တိုင်ကတော့ Udon ရဲ့အနံ့ကိုမကြိုက်လို့ ဆန်ခေါက်ဆွဲခြောက်ကို သေချာရှာဝယ်တယ်)
ပါဝင်ပစ္စည်းတွေကတော့
-ဝက်အရိုး အသား
-တရုတ်နံနံ နဲ့ ကြက်သွန်ဖြူ(မြီးရှည်ရဲ့အနံ့ကိုယူလာပေးတဲ့ အသက်)
-ပဲငပိ
-ကော်
-ငရုတ်ဆီနီ
-အီကြာကွေး(ဂျုံစအုကြော်ရမှာပျင်းလို့ အစားထိုးသုံး)
-အိမ်လုပ် မုန်လာဥချဥ် နဲ့ ဝယ်တဲ့ ပဲတီချဥ်(မြီးရှည်ရဲ့အသက်က ဒီအချဥ်တွေပဲ၊ တခြားအချဥ်နဲ့စားရင်မြီးရှည်အရသာ ပျက်ပါတယ်)
****မှတ်ချက်။ ။ ပွဲပြင်တဲ့အခါ အရသာအတွက်အချိုမှုန့်ထည့်ပါတယ်။(အချိုမှုန့်ရှောင်ရင်တခြားဘာအစားထိုးမှုန့်မှမထည့်ပါနဲ့နော် မြီးရှည်အရသာပျက်ပါတယ်)၊ မြီးရှည်မှာတော့ အချိုမှုန့်ကလဲ မြီးရှည်အရသာရစေခြင်းရဲ့တခုသော ပါဝင်ပစ္စည်းပါ။
