အမေရိကန်မှာ DeepSeek ကို စ ဘန်းပြီ
=======================
တက္ကဆပ်ဟာ DeepSeek ကို စ ဘန်းတဲ့ ပထမဆုံး အမေရိကန် ပြည်နယ် ဖြစ်လာပါတယ်။ အရင်ကတော့ အမေရိကန် စစ်တပ်နဲ့ နာဆာတို့က ဘန်းခဲ့ကြပါတယ်။ ပြည်နယ် အဆင့် စဘန်းတာကတော့ အခုမှ ဖြစ်ပါတယ်။
တက္ကဆပ် အုပ်ချုပ်ရေးမှူး Greg Abbott က အစိုးရက ထုတ်ပေးထားတဲ့ Device အားလုံးမှာ DeepSeek အသုံးပြုမှုကို တားမြစ်တဲ့ အမိန့်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ သူက “ တရုတ် ကွန်မြူနစ် ပါတီဟာ AI နဲ့ လူမှုကွန်ရက် App တွေကနေ အမေရိကန်ရဲ့ အရေးကြီးတဲ့ ဒေတာတွေကို ရယူသွားနိုင်ပါတယ်။ “ လို့ ပြောပါတယ်။
တက္ကဆပ်က DeepSeek အပြင် RedNote နဲ့ ByteDance တို့အပါအဝင် တရုတ်လူမှုကွန်ရက်များစွာကိုလည်း ဘန်းလိုက်ပါတယ်။
အမေရိကန်ထက် စောပြီး DeepSeek ကို ဘန်းထားတာက ထိုင်ဝမ်၊ အီတလီနဲ့ ဩစတြေးလျတို့ ဖြစ်ပါတယ်။
