12 ပတ် - ဘာသာပြန်ပါ။

ပြောရရင် Revuelto တစ်စီးကို "Opera Unica" treatment လုပ်တာ အခုဆို (၃) ကြိမ်တောင်ရှိပြီဗျ။ "Opera Unica" ဆိုတာကတော့ အီတလီအသုံးအနှုန်းတစ်ခုဖြစ်ပြီး အင်္ဂလိပ်လို "Unique Work" အတုမရှိ၊ တစ်ခုတည်းသော ဖန်တီးမှုလို့ အဓိပ္ပါယ်ရသဗျ။

ဒီလို one-off ပရောဂျက်တွေကို နောက်ကွယ်က ကြိုးကိုင်နေသူကတော့ Lamborghini ရဲ့ Ad Personam နှင့် Squadra Corse ဌာနတို့ကပါ။ Ad Personam ကတော့ များသောအားဖြင့် clients တွေရဲ့ကားတွေကို unique ဖြစ်တဲ့အရောင်တွေဖန်တီးပေးတာတို့၊ bespoke ဖြစ်တဲ့ materials တွေသုံးပေးတာတို့ စတာတွေကို အဓိကကိုင်တွယ်ပြီး Squadra Corse လည်း ထိုနည်းလည်းကောင်းပါပဲ။ သို့ပေမယ့် Squadra Corse ကတော့ ကားတစ်စီးရဲ့ advanced ဖြစ်တဲ့ engineering ပိုင်းတွေနှင့် race-inspired features တွေကိုပါ ကိုင်တွယ်သေးတာမို့ သူကတော့ motorsports ဘက်ပိုသွားတဲ့ ဌာနတစ်ခုလို့တောင် ဆိုရမယ်ဗျ။

ကိုယ့်လူတို့ မှတ်မိကြအုံးမလားတော့ မသိဘူး၊ "Opera Unica" treatment ကို ပထမဆုံးရခဲ့တဲ့ကားက Huracan Sterrato ဖြစ်ပြီး Revuelto ကတော့ အထက်မှာပြောခဲ့သလိုပဲ အခုဆို (၃) ကြိမ်တောင်ရှိသွားပါပြီ။ ပထမတစ်စီးတုန်းကတော့ သူ့မှာသုံးပေးထားတဲ့အရောင်က ပန်းနုရောင်နဲ့ အနက်ကိုစပ်ပေးထားတာဆိုတော့ ကျွန်တော်သဘောမကျခဲ့ဘူးလို့ပဲ ဆိုရမယ်။ သို့ပေမယ့် အတွင်းခန်းက သုံးပေးထားတဲ့ materials လေးတွေနဲ့ detailed ကျတဲ့ finishes လေးတွေကိုတော့ သဘောကျခဲ့သား။

ဒုတိယတစ်စီးကတော့ Sardinia-themed Revuelto ဗျ။ Sardinia ဆိုတဲ့အတိုင်းပဲ သူက အီတလီနိုင်ငံ မြေထဲပင်လယ်ထဲက Sardinia ဆိုတဲ့ ကျွန်းလေးကို inspired ယူပြီးထုတ်လုပ်ခဲ့တာပါ။ Sardinia ကျွန်းဆိုတာ သိပ်ကိုမှအပြာရောင်တွေနဲ့ ဖုံးလွှမ်းနေတဲ့အတွက် Revuelto ကလည်း ပင်လယ်သမုဒ္ဒရာ လှိုင်းလုံးကြီးတွေထဲကထွက်လာသည့်အလား အတော်လေးတော့ မိုက်သားဗျ။ သို့ပေမယ့် ကျွန်တော်သဘောအကျဆုံးကတော့ ဒီနေ့ပြောပြမယ့်ကောင်ပဲ။

အခုတတိယတစ်စီးမှာတော့ Lambo က နက္ခတ်တာယာတွေဆီက inspired ယူလာတယ်လို့ပဲ ဆိုရမယ်။ ကောင်းကင်ထက် အတောက်ပဆုံးကြယ်တစ်လုံးလို့ တင်စားရလောက်ပြီး လျှပ်တစ်ပြက်ဆို အနီနဲ့ အနက်နှစ်ရောင်တည်းလို့သာ ထင်ရပေမယ့် သေချာကြည့်လိုက်ရင် (၄) မျိုးလောက်ရှိတယ်ဗျ။ Lambo ရဲ့အခေါ်အရတော့ Rosso Mars (red hue), Rosso Efesto (another red), Arancio Dac & Arancio Apodis (orange) နဲ့ Nero Pegaso (black) တို့ဆိုပဲ။

ဘာပဲပြောပြော နီနီရဲရဲနဲ့ မီးတောက်တွေထဲက ထွက်လာသည့်အလားဖြစ်နေတဲ့ ဒီကောင့်ရဲ့ vibe ကိုတော့ အတော်လေးကြွေမိသား။ ဒီ one-off treatment ကို တာဝန်ယူခဲ့တာကတော့ Ad Personam နဲ့ Lambo ရဲ့ in-house design center တစ်ခုဖြစ်တဲ့ Centro Stile တို့ဖြစ်ပြီး ကားရဲ့ hand-painted တစ်ခုတည်းအတွက် နာရီပေါင်း (၄၈၀) လောက် အချိန်ပေးခဲ့ရတယ်လို့ သိရပါတယ်ဗျ။

image