အာဆင်နယ်အသင်းနည်းပြမီခေးလ်အာတီတာက အသင်းအနေနဲ့ဒီဆောင်းရာသီကာလစျေးကွက်မှာအသင်းဆီခေါ်ယူအားဖြည့်မလုပ်ဆောင်နိုင်ခဲ့တဲ့အတွက်စိတ်ပျက်မိတယ်လို့ဝန်ခံပြောဆိုလိုက်ပြီး အသင်းအနေနဲ့ ပြုပြင်ပြောင်းလဲရမယ်လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။
ဂန်းနားအသင်းဟာ ဒဏ်ရာရကစားသမားပြသနာကြုံတွေ့နေရပြီး အထူးသဖြင့် တိုက်စစ်ပိုင်းမှာတော့ ဘူခါယိုဆာကာနဲ့ဂါဘရီရယ်လ်ဂျီးဆပ်စ်တို့ကိုဆုံးရှုံးထားရပေမဲ့ ဒီဆောင်းရာသီကာလစျေးကွက်မှာတော့သူတို့အသင်းအနေနဲ့ ကစားသမားတဦးတယောက်မှတော့ ခေါ်ယူအားဖြည့်နိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။
ငါတို့မှာရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်တွေအမြဲရှိပါတယ်။ငါတို့မှာအခွင့်အရေးရှိတဲ့အခါမှာတော့ အသင်းကိုအကျိုးသက်ရောက်မှုရှိစေနိုင်တဲ့ကစားသမားတွေနဲ့အတူ ပြုပြင်ပြောင်းလဲဖို့အခွင့်အရေးရှာဖွေရပါမယ်။
ဒဏ်ရာရကစားသမားအနေအထားတွေနဲ့အတူ ငါတို့အနေနဲ့အကျိုးသက်ရောက်မှုတွေခံစားခဲ့ရပြီး ရည်မှန်းချက်ပြည့်အောင်မလုပ်ဆောင်နိုင်သေးပါဘူး။ဒီကိစ္စအတွက်ငါတို့စိတ်ပျက်ပေမဲ့ ငါတို့အနေနဲ့ တချို့သောကစားသမားမျိုးတွေကိုပဲ့လိုအပ်တယ်ဆိုတာငါတို့ကောင်းကောင်းသိပါတယ်။ငါတို့အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးစဉ်းစားသုံးသပ်ရပါမယ်။
ဒီကစားသမားတွေကငါတို့ကိုပိုကောင်းအောင်လုပ်ဆောင်ပေးလိမ့်မယ်လို့ ငါတို့ယုံကြည်ပါတယ်။ငွေကြေးပိုင်းဆိုင်ရာမှာတော့တခြားရှုထောင်အမြင်တွေမှာပိုကောင်းလာစေပါလိမ့်မယ်။ငါတို့ဆက်ထိန်းထားရမဲ့အရာကတော့ ငါတို့ဒီနေရာကိုရောက်လာတဲ့အချက်ဖြစ်ပြီး ဒီအချက်တွေကနေ အသင်းကိုပြုပြင်ပြောင်းလဲဖို့ကြိုးစား၇မယ်လို့ အာတီတာကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
