12 w - Translate

ကမ္ဘာ့သဘာဝအံ့ဖွယ်များထဲမှ တစ်ခုအဖြစ် ရပ်တည်နေသည့် Blood waterfall
သွေးရောင်ရင့်သော ရေတံခွန်ဟု လူသိများသော "သွေးရေတံခွန်" (Blood Falls) သည် အန္တာတိကတိုက်ရှိ McMurdo Dry Valleys ဒေသတွင် တည်ရှိပြီး Taylor Glacier မှ စီးဆင်းလာသော ရေတံခွန်တစ်ခုဖြစ်သည်။
အဆိုပါ ရေတံခွန်သည် သာမန်ရေတံခွန်များနှင့် မတူဘဲ အနီရောင်ရင့်ရင့် အရောင်ဖြင့် စီးဆင်းနေသည့်အတွက် လူအများကို အံ့အားသင့်စေပြီး သိပ္ပံပညာရှင်များအတွက်လည်း စိတ်ဝင်စားဖွယ် ဖြစ်စေခဲ့ရသည်။
ရေတံခွန်၏ အနီရောင်အရင်းအမြစ်ကို ရှာဖွေရန် သိပ္ပံပညာရှင်များက နှစ်ပေါင်းများစွာ လေ့လာခဲ့ကြပြီး ၂၀၁၇ ခုနှစ်တွင် သုတေသနပြုချက်များအရ ဤဖြစ်စဉ်သည် သံဓာတ်ကြွယ်ဝသော ရေငန်ကန်တစ်ခုနှင့် ဆက်စပ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
သံဓာတ်များ ပါဝင်နေသည့် ရေငန်ကန်သည် နှစ်သန်းပေါင်းများစွာ ရေခဲအောက်တွင် ပိတ်မိနေခဲ့ပြီး အောက်ဆီဂျင်နှင့် အလင်းရောင် ကင်းမဲ့သော ပတ်ဝန်းကျင်တွင် တည်ရှိနေခြင်းဖြစ်သည်။
လေ့လာချက်များအရ ရေငန်ကန်ထဲမှ ရေသည် ရေခဲမျက်နှာပြင်ပေါ်သို့ စိမ့်ထွက်လာသောအခါ လေထုနှင့် ထိတွေ့ပြီး ဓာတ်ပြုမှုဖြစ်ပေါ်သည်။ သံဓာတ်သည် အောက်ဆီဂျင်နှင့် ဓာတ်ပြုကာ သံချေးတက်သော ဖြစ်စဉ်ကြောင့် အနီရောင်ရင့်ရင့် အရောင်သို့ ပြောင်းလဲသွားခြင်းဖြင့် သွေးရောင်ရင့်သော ရေတံခွန်ကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။
ထို့အပြင် ရေငန်ကန်ထဲတွင် အန္တာတိကတိုက်၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်ကို ခံနိုင်ရည်ရှိသည့် မှိုနှင့် ဘက်တီးရီးယားများ ရှင်သန်နေထိုင်ကြကာ သက်ရှိများသည် သံဓာတ်ကို အသုံးပြု၍ ဇီဝဖြစ်
ပျက်မှုများ ပြုလုပ်နိုင်ကြပါသည်။

image