ပဲပင်ပေါက်သုပ် 😋😋

ပဲပင်ပေါက်ကို ရေဆူဆူထဲဆားထည့်ပြီပြုတ်ပါ
ပြီတာနဲ့ဆယ် ရေအေးနဲ့ဆေးပြီ ရေစစ်ထားပါ

ရေစစ်တာနဲ့ ဇလုံထဲထည့်
ပုစွန်ခြောက်ရေဆေးပြီထောင်းထည့်
ကြက်သွန်နီပါးပါးလှီးထားတာထည့်
ငရုပ်သီးအကျက်မှုန့်
ပဲအကျက်မှုန့် မန်ကျီးသီးမှည့်ရည်
ကြက်သွန်ဖြူဆီချက်
ငံပြာရည်
အချိုမှုန့်
အားလုံးရောနယ်လိုက်ရုံပါပဲ
ပန်းကန်ထဲထည့် နံနံပင် ငရုပ်သီးစိမ်းကိုက်စား😋😋
ချဥ်ငံစပ်လေးနဲ့ ရှယ်ပဲ

image