12 ပတ် - ဘာသာပြန်ပါ။

◾️ရန်ကုန် အိမ်အငှား စျေးမြင့်တက်လာ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် ယာယီနေရပ်စွန့်ခွာသူများ၊ ရွှေ့ပြောင်း နေထိုင်သူ များပြားလာ ခြင်းကြောင့် ရန်ကုန် အိမ်ခန်းငှားရမ်းခများ ယခင်ကထက် ဈေးနှုန်းမြင့် တက်လာကြောင်း အိမ်ခြံမြေအကျိုး ဆောင်များထံမှ သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် အေးစက်နေသော်လည်း အိမ်အငှားဈေးကွက်ပိုမိုဖြစ်ထွန်းနေခြင်းဖြစ်သည်။
“အိမ်ခြံမြေဈေးကွက် အခြေအနေက အရင်တုန်းကတော့ ဝယ်လိုအားများတယ်။ အခုနောက်ပိုင်း ဝယ်လိုအားက တော့ နည်းနည်းအေးသွားတယ်။ အငှားဈေးကွက်ကတော့ အခုထက်ထိ ဆက်လက်မြင့်တက်လျက်ရှိပါတယ်။ အငှားဈေးကွက်က အရမ်းကောင်းပါတယ်။ ရန်ကုန်မြို့မှာDown Town ခြောက်မြို့နယ်ရှိတယ်။ အခြားသော မြို့နယ်တွေမှာလည်း ဒီဘက်ကို ရောက်လာတဲ့သူတွေက အချိန်တန်ရင် သူတို့နေရပ်ဒေသကိုပြန်မှာဖြစ်တဲ့ အတွက်ကြောင့်မို့ သူတို့က မဝယ်ဘဲနဲ့ ငှားကြတာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးပစ္စည်း ကုန်ကျတဲ့ပစ္စည်းစရိတ် တွေက များတဲ့ အတွက်ကြောင့်မို့ ဆောက်လုပ်ပြီးစီး တဲ့တိုက်ခန်းတွေက ဝင်ရောက်လာ တဲ့သူတွေကြောင့် အငှားဈေးကွက် ကမလုံလောက်တော့ဘူး။ မလုံလောက်တဲ့အတွက်ကြောင့်မို့ ငှားရမ်းလိုသူများပြားတဲ့အတွက် ငှားရမ်းခနှုန်းထားတွေ ဈေးမြင့်တက်လာရခြင်းဖြစ်ပါတယ်။ အရင်တုန်းက ငါးသိန်းနဲ့ငှားလို့ရတဲ့ အခန်းက အခုချိန်ဆိုရင်တော့ ရှစ်သိန်း၊ ၁၀ သိန်း ဖြစ်သွားမယ်ဆိုပေမယ့်လည်း ငွေကြေးဖောင်းပွမှုအရ မြင့်တက်တယ်လို့လည်း မဆိုလိုနိုင်ပါဘူး” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါ်မြတ်မိုမိုကပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တိုက်ခန်း၊ကွန်ဒိုငှားရမ်းခများ အနိမ့်ဆုံးကျပ်သုံးသိန်းဝန်းကျင်မှ ကျပ်ဆယ်သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီးဈေးနှုန်း မြင့်တက်လာလျက်ရှိကြောင်းသိရသည်။
ထို့ပြင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင်လူဦးရေထူထပ်လာပြီးမြေနည်းလာသလို တိုက်ခန်း များပြားလာသည့် အတွက် မြေရှိရာမြို့သစ်မြို့နယ်များတွင် ဝယ်လိုအားများပြားလာလျက်ရှိကြောင်း သိရသည်။

image