အခုတစ်ခါတင်ဆက်ပေးသွားမှာကတော့ Inspector Sun and the Curse of the Black Widow လိုခေါ်တဲ့ ကာတွန်းကားလေးတစ်ပုဒ်ဖြစ်ပါတယ်။
Inspector Sun and the Curse of the Black Widow
၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး Rotten Tomatoes 79%, IMDB 5.2/10 ရထားတဲ့ လျှိဝှက်ဆန်းကျယ်ကာတွန်းကားလေးပဲဖြစ်ပါတယ်။
အထူးတာဝန်တစ်ခုမှာ အမှားမှားအယွင်းယွင်း လုပ်ခဲ့မိလို စုံထောက်အလုပ်ကနေအလုပ်ဖြုတ်ခံလိုက်ရတဲ့ စုံထောက် Sun ဟာအားလပ်ရက်ခရီးထွက်ဖိုအတွက် သာမာန်လေယာဉ်တစ်ခုပေါ် စီးနင်းလိုက်ပါလာခဲ့ပါတယ်။
ဒါပေမဲ့ Dr. Spindlethorp (စပင်ဒယ်ေသာ့ပ်) ရဲ့အသက်ကိုခြိမ်းခြောက်ခံလိုက်ရတဲ့အခါမှာတော့ Sun ရဲ့စုံထောက်ဘဝကလည်း တစ်ဖန်ပြန်လည်ဖြစ်တည်လာခဲ့ပါတယ်။
ဒီအမှုရဲ့ အလိမ်အညာလှည့်စားမှုတွေကိုဘယ်လိုမျိုးဖြတ်ကျော်ပြီး Sun တစ်ယောက် အမှုကိုဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို Happy Channel မှာ ကြည့်ရှုပေးဖိုအတွက် ဖိတ်ခေါ်လိုက်ပါတယ်။
