12 ပတ် - ဘာသာပြန်ပါ။

ဘုရားကြီးမြို့မစျေးမှာ တစ်နာရီနီးပါးကြာ မီးလောင်၊ ဆိုင်ခန်း ၈ ခန်းထက်မနည်း ဆုံးရှုံး

ဖေဖော်ဝါရီ ၆

ပဲခူးမြို့နယ်က ဘုရားကြီးမြို့မစျေး ဖေဖော်ဝါရီ ၆ ရက်ကူးစ သန်းခေါင်ယံအချိန်မှာ တစ်နာရီနီးပါးကြာ မီးလောင်ခဲ့လို့ ဆိုင်ခန်း ၈ ခန်းထက်မနည်း ဆုံးရှုံးခဲ့ရတယ်လို့ ကနဦးသိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်အကူး ည ၁၂ နာရီ မိနစ် ၂၀ ခန့်အချိန်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၃) ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမပေါ်ရှိ ဘုရားကြီးမြို့မဈေး အပြင်ဘက်ဆိုင်တန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ ဒီမီးလောင်မှုကြောင့် အပြင်ဘက်ဆိုင်တန်းတွေ ဆိုင်ခန်း ၂၀ ခန့်ရှိရာမှာ ဆိုင်ခန်း ၈ ခန်းမီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံသတင်းသမားတစ်ဦးထံက သိရပါတယ်။

ဒီ မီးလောင်မှုဖြစ်စဥ်ကို ပဲခူးတိုင်းဒေသကြီးမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းက အထောက်အကူပြုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁) စီး၊ ဝေါမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီးအပြင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့လို့ မနက် ၁ နာရီ ၅ မိနစ်အချိန်ခန့်မှာ မီးငြိမ်းခဲ့တာလို့ သိရပြီး မီးလောင်မှုဖြစ်စဥ်နဲ့ ဆုံးရှုံးမှုကိုတော့ စိစစ်တွက်ချက်ဆဲလို့ သိရပါတယ်။

Credit - MT News Agency

#centralnewsnaypyitaw

imageimage
+5