ချဲလ်ဆီးအသင်းနည်းပြအန်ဇိုမာရက်စကာက အသင်းဆီကစားသမားတယောက်တလေမျှဝင်ရောက်လာခြင်းမရှိပေမဲ့လည်း ဒီဇန်နဝါရီစျေးကွက်ကာလမှာအသင်းရဲ့ပုံစံအနေအထားကိုကျေနပ်နေတာဖြစ်ပါတယ်။
ခြင်္သေ့ပြာအသင်းဟာဆောင်းရာသီကာလစျေးကွက်မှာ အသင်းဆီကစားသမားတဦးတယောက်မျှခေါ်ယူခြင်းမရှိခဲ့တာဖြစ်ပါတယ်။အသင်းဆီကနေလက်လွှတ်ခဲ့တဲ့ကစားသမားအများအပြားရှိကာ ရေနာတိုဗီကာ၊အန်ဆေလ်ဒီဆာဆီနဲ့ဘန်ချီဝဲလ်တို့ဟာ အငှား သို့မဟုင်္တအပြီးသတ်နဲ့ထွက်ခွာခဲ့ကြပီး မူဒရစ်ဟာလည်းလက်လွှတ်ခံရမဲ့အထဲပါနေပါသေးတယ်။
ဒါပေမဲ့လည်းမာရက်စကာက သူ့အနေနဲ့ဒီအပြောင်းအရွှေ့စျေးကွက်ကာလမှာအရာအားလုံးဟာစကားပြောဆိုပြီးခဲ့ပြီးအကုန်စီစဉ်ပြီးသားဖြစ်တာကြောင့်အသင်းရဲ့ပုံစံကိုကျေနပ်ကြောင်းအတည်ပြုပြောဆိုလာခဲ့ပါတယ်။
အရာအားလုံးဟာ စီစဉ်ထားတဲ့အတိုင်းအကုန်ဖြစ်လာခဲ့ပြီးပါပြီ။ကျနော့်အတွက်ရောကလပ်အသင်းအတွက်ရောပါ။ငါတို့မှာတိုရက်ခ်ဂျော်အနေနဲ့စွမ်းဆောင်ရည်ကောင်းတွေလုပ်ဆောင်နေပြီးတခါတလေမှာလည်းငါတို့အနေနဲ့ မတူကွဲပြားတဲ့လမ်းကြောင်းရှာဖွေနိုင်ဖွယ်ရှိပါတယ်။ကျနော့်မှာပျော်ရွှင်မှုရှိပြီးစျေးကွက်ကာလလည်းပိတ်သိမ်းသွားပြီဖြစ်ပါတယ်။
တချို့သူတွေကတော့ငါတို့နဲ့ရာသီကုန်အထိအတူရှိသွားမှာဖြစ်ပါတယ်။တချို့တွေကတော့အသင်းကနေထွက်ခွာသွားမှာပါ။သူတို့တွေဟာ ပြောင်းရွှေ့ထွက်ခွာနိုင်တယ်ဆိုတာငါတို့အားလုံးမြင်တွေ့ရမှာပါလို့ မာရက်စကာကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
