အက်စတွန်ဗီလာအသင်းဟာ ချဲလ်ဆီးအသင်းနောက်ခံကစားသမား အန်ဆေးလ်ဒီဆာဆီကို ရာသီကုန်အထိအသင်းဆီအငှားခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ကလပ်အသင်း ၂ ဖက်စလုံးအနေနဲ့လည်း ပြီးခဲ့တဲ့နေ့ကကြေငြာခဲ့ပြီးစာချုပ်ကိစ္စသဘောတူညီချက်တွေကိုတော့ဖွင့်ဟတာမျိုးမရှိခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းအနေနဲ့ ချဲလ်ဆီးအသင်းနောက်ခံလူအန်ဆေးလ်ဒီဆာဆီကို ရာသီကုန်အထိအငှားခေါ်ယူနိုင်ခဲ့ကြောင်းစကိုင်းစပေါ့ဒ်သတင်းကဖော်ပြခဲ့ပါတယ်။အက်စတွန်ဗီလာအသင်းအနေနဲ့ အဆိုပါအသက် ၂၆ နှစ်အရွယ်ကစားသမားအတွက်လုပ်ခလစာအပါအဝင်ပြောင်းရွှေ့ကြေးပေါင် ၅ သန်းဝန်းကျင်ပေးချေရမှာလည်းဖြစ်ပါတယ်။

ဒီဆာဆီအနေနဲ့ကတော့ ချဲလ်ဆီးအသင်းအတွက်မိုနာကိုအသင်းကနေ ၂၀၂၃ ခုနှစ်မှာပြောင်းရွှေလာပြီးကတည်းက ပွဲပေါင်း ၆၁ ပွဲပါဝင်ကစားခဲ့ပြီး အဆိုပါကစားသမားဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ၅ ပွဲပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

ဒီဆာဆီဟာ အက်စတွန်ဗီလာအသင်းဆီဆောင်းရာသီကာလစျေးကွက်မှာအငှားခေါ်ယူခံရတဲ့တတိယမြောက်ကစားသမားအဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကမားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ ပဲရစ်စိန့်ဂျာမိန့်အသင်းရဲ့စပိန်တောင်ပံကစားသမားမာလ်ကိုအာဆေန်ဆီယိုတို့ပြီးနောက်ရောက်လာခဲ့တာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image