12 w - Translate

Part.2
(ရခိုင်သမိုင်းကို ဒဏ္ဍာရီပုံပြင်များမှသည် လက်တွေ့ဖြစ်ရပ်များအဖြစ် ပုံဖော်ခဲ့သူတစ်ဦး အကြောင်း)

ဦးစံသာအောင်ကို အဖအငြိမ်းစား စက်ရှင် တရားသူကြီး ဦးသာဇံဦး (K.S.M., A.T.M.) နှင့် အမိဒေါ်မဘုတို့မှ
၁၉၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဖွ ားမြင်သည်။ မိခင်မှာ ကိုလို နီခေတ်ဦး အလွန်ထင်ရှ ားသော
ရခိုင်သူဌေးကြီး ဦးရဲကျော်သူ၏ အနွယ်ဖြစ်သည်။
ငယ်စဉ်က ရန်ကုန် တီတီစီကျောင်း၊ သာယာဝတီ၊ မြင်းခြံ၊ စစ်တွေ အစိုးရ စာသင်ကျောင်းများတွင် ပညာသင်၍
၁၉၄ဝ ပြည့်နှစ်တွင် တန်းမြင့့်ကျောင်း ထွက် စာမေးပွဲကို စစ်တွေအစိုးရ အထက်တန်းကျောင်းမှ
အောင်မြင်သည်။ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များတွင် ဂုဏ်ထူးရသည်။ ၁၉၄ဝ-၄၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ၁၉၄၅-၄၇ ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်တို့တွင် ပညာသင်ကြား၍ ၁၉၄၉ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအက်စ်စီ ရူပဗေဒဂုဏ်ထူးတန်း ပထမအဆင့်မှ အောင်မြင်သည်။ ၁၉၅၄ ခုနှစ်တွင်
အေမရိကန် ပြည်ထောင်စု ဟားဗတ်တက္ကသိုလ် မှ မဟာသိပ္ပံဘွဲ့ (A.M.) ကို ရူပဗေဒဖြင့် ရရှိခဲ့သည်။

၁၉၅ဝ-၅၁ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန သရုပ်ပြဆရာ၊ ၁၉၅၁-၅၄ တွင် လက်ထောက် ကထိက၊ ၁၉၅၄-၆၄ တွင် ကထိက၊ ၁၉၆၄-၇ဝ ပါမောက္ခ၊ ၁၉၇ဝ-၇၂ တွင် တက္ကသိုလ်များ အု ပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူး၊
၁၉၇၂-၈၁ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ရခိုင်ကျောင်းသူကျောင်းသားများအသင်း ဥက္ကဋ္ဌ၊ ရခိုင်တန်ဆောင် အင်္ဂလိပ်စာ အတိုင်ပင်ခံ စာတည်း၊ ၁၉၆၆-၇ဝ တွင်
တက္ကသိုလ်များ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ၁၉၇ဝ-၈၁ ခုနှစ်တွင် နာယက၊
တက္ကသိုလ်များ အားကစားအဖွဲ့ ဥက္ကဋ္ဌ၊ မြန် မာနိုင်ငံ သုတေသနအသင်း အမှုဆောင်၊ သုတေသနလုပ်ငန်းများ
ဆိုင်ရာ မူဝါဒအဖွဲ့ အတွင်းရေးမှူး၊ တက္ကသိုလ် ပညာပေဒသာစာစောင်နှင့် တက္ကသိုလ် သုတေသန စာစောင်အုပ်ချုပ်မှု စာတည်းအဖွဲ့ဥက္ကဋ္ဌ၊ ရန် ကုန်တက္ကသိုလ် ရူပဗေဒဌာန ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ်
ဆောင်ရွက်ခဲ့ပါသည်။ ပထမအကြိမ်နှင့် ဒုတိ ယအကြိမ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရခိုင်ပြည်နယ် စစ်တွေ မဲဆန္ဒနယ် မှရွေးချယ် ခံရသည်။

၁၉၅၄-၇ဝ ခုနှစ်အတွင်း အိန္ဒယ၊ တရုတ်၊ သြစတြီးယားတို့တွင် ကျင်းပသော အဏုမြူစွမ်းအင်ဆိုင်ရာ
ဆွေးနွေးပွဲများ တက်ရောက်၍ ၁၉၆၄ ခုနှစ်၊ တရုတ်ပြည် ပီကင်းတွင် ကျင်းပသော အပြည် ပြည်ဆိုင်ရာသိပ္ပံပညာရှင်များ နှီးနှောဖလှယ်ပွဲတွင် Aims and Paractice of Physics Teaching in Burma (Myanmar)
စာတမ်းကို တင်သွင်းခဲ့သည်။ ပညာရေးလေ့ လာရေးခရီးစဉ်ဖြင့် ဂျပန်နိုင်ငံ (၁၉၇၃)၊ အမေရိကန် ပြည်ထောင်စု
(၁၉၇၅)၊ ဆိုဗီယက်ယူနီယံ (၁၉၇၇) နိုင်ငံများသို့ သွားရောက်ခဲ့သည်။
ပုံနှိပ်ထုတ်ဝေခဲ့သော သိပ္ပံပညာဆိုင်ရာ စာအုပ်များမှာ ဒေါက်တာ မောင်မောင်ခင်နှင့်တွဲ၍ 'အခြေပြု ရူပေဗဒ' (၄တွဲ) (၁၉၇၁)၊ 'ရူ ပေဗဒအေကြာင်း သိကောင်းစရာ' (၁၉၇၁)၊ ' ကွန်ပျူတာ' (၁၉၇၃)၊ 'အက်တမ်နှင့်နျူကလီးယား
စွမ်းအင်' (၁၉၇၄)တို့ရေးသား၍၊ 'ရူပဗေဒအေကြာင်း သိကောင်းစရာ' စာအုပ်ဖြင့််၁၉၇၁ ခုနှစ်၊ အမျိုးသား
စာပေဆုကို သိပ္ပံနှင့် အသုံးချဘာသာရပ်အတွက် ရရှိခဲ့သည်။ စာပေဗိမာန်မှ ဦးဆောင်ကျင်းပသော သိပ္ပံစာပေ နှီးနှောဖလှယ်ပွဲတွင် 'လူထုအတွက် သိ ပ္ပံစာပေ' စာတမ်း တင်သွင်း၍ ပုံနှိပ်ထုတ်ဝေခဲ့့သည်။ အင်္ဂလိပ်ဘာသာဖြင့်
ထုတ်ဝေသာ Working People's Daily, The Guardian တို့တွင် ရူပဗေဒ သိပ္ပံပညာ ဆောင်းပါးများနှင့်ရခိုင်သမိုင်း အနုပညာဆောင် းပါးများကို အင်္ဂလိပ်ဘာသာဖြင့် အများအပြား ရေးသားခဲ့သည်။ အချို့မှာ စာအုပ်
အဖြစ်ထုတ်ဝေရန် ကျန်ရှိနေသးသည်။ သာဓက ပြရသော် ဂါးဒီးယန်းသတင်းစာတွင် ရေးသားခဲ့သော ရခိုင်မဟာမုနိဘုရားသမိုင်း (Legend of Mahamuin) ဖြစ်သည်။

ဦးစံသာအောင်သည် ဌာနဆိုင်ရာ လုပ်ငန်းများ၊ ရှေးဟောင်း ရခိုင်သမိုင်း ယဉ်ကျေးမှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွနေစဉ် ၁၉၈၁ ခုနှစ်၊ မေ ၂၅ ရက်နေ့တွင် ရုတ်တရက် ကွယ်လွန်ခဲပါသည်။

#crd
#rakhineculture

image