12 ပတ် - ဘာသာပြန်ပါ။

Rovectin Anti-irritant UV Defense tinted Spf50+ PA++++
Sunscreen လိမ်းပြီး ဘာမှထပ်မလိမ်းချင်ဘူး၊ sunscreen ကို အရောင်ပါတာမျိုးလေးထဲက သုံးချင် တယ် ဆိုတဲ့သူတွေက ဒီ Rovectin tinted sunscreen လေး သုံးပါ။

သူ့မှာ အရောင်ပါပြီးသားမလို့ အသားအရောင်နဲ့တထပ် ထဲဖြစ်ပြီး မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးတယ်။ လိမ်းထားရင် အဆီမပြန်ဘူး၊ powder ပုတ်ထားသလို မှုန်မှုန်ညက်ညက်လေးပဲ။ Long lasting လဲ ဖြစ်တယ်။ Physical sunscreen ဖြစ်တာမ လို့ UV ကိုလဲ သေချာ protect လုပ်နိုင်ပါတယ်။

Texture
မျက်နှာပေါ်တင်ရင် စီးကျတဲ့ထိ
lightweight ဖြစ်တယ်။ Sunscreen ဖြစ်တာကြောင့် oil component တော့ ပါတာပေါ့နော်။ အဲ့အတွက် မသုံးခင် မှာ texture တသားတည်းဖြစ်သွားဖို့ shake လုပ်ပေးရ ပါတယ်။ Nyi သဘောကျတာတော့ သူ့ color က skin tone တော်တော်များများနဲ့ အဆင်ပြေတာပဲ။ ဖြူသူသုံး လို့ မညိုသလို ညိုသူသုံးလို့ မပြာပါဘူး။ Physical sunscreen ဖြစ်တာကြောင့် 2 finger လိမ်းလို့တော့ မရ ပါဘူး။ ချိန်ညှိလိမ်းတတ်ဖို့ လိုအပ်ပါတယ်။
Fragrance free, Essential oil free မလို့ အနံ့မပါဝင်ပါ ဘူး။ Alcohol အနည်းငယ်တော့ ပါတယ်။ Physical UV filter အနေနဲ့က Zinc oxide, Titanium dioxide 2မျိုး လုံး အသုံးပြုထားပြီး visible light ကို protect လုပ်ဖို့ အတွက် Iron oxides လဲ ပါဝင်တယ်ပေါ့နော်။
Physical sunscreen မလို့ finish ကို ပြောရရင် အဆီ ထိန်းတယ်၊ matte ဖြစ်တယ်။ အရောင်ပါလို့ မျက်နှာ ဝင်းတယ်၊ tone up ဖြစ်တယ်။ ဒါပေမဲ့ မယ်ခြောက်ဖုံလို ပြာပြာခြောက်ခြောက်ကြီးတော့ မနေဘူး။ Texture အရမ်းကျဲတာနဲ့ထပ်တူ finish ကလဲ ဘိုဆန်ပါတယ်။ သိပ်သိပ်ညက်ညက်လေးနဲ့ DrG လိုမျိုး physical sunscreen ကောင်းကောင်း လိမ်းထားသလိုလေးပဲ။ အရောင်ပါလာတာလေးပဲ ကွာတယ်။ Finish ကိုပဲ ပြော တာနော်။
မျက်နှာပေါ်က အမဲစက်မြန်မြန်သက်သာချင်တဲ့သူ၊ sunscreen လိမ်းပြီးတာနဲ့ တခြားထပ်မလိမ်းချင်တော့ တဲ့သူဆို ဒါလေး highly recommend ပါ။ All skin types သုံးနိုင်ပေမယ့် အဆီပြန်အသားအရေတွေကို အဓိကညွှန်းပါတယ်။

#crd
#reviewbynyi
#skincarereview

image