မန်ချက်စတာစီးတီးအသင်းဟာ ပေါ်တိုကွင်းလယ်ကစားသမားနီကို ဂွန်ဇာလက်ချ်ကို ၂၀၂၉ ခုနှစ်အထိကာလရှည်စာချုပ်သက်တမ်းနဲ့အတူပေါင်သန်း ၅၀ ဖြင့်ခေါ်ယူနိုင်ခဲ့ကြောင်းကြေငြာခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ ဘာစီလိုနာအသင်းရဲ့အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာအသင်းကြီးနဲ့အတူပါဝင်ကစားခဲ့၇ကာ ပေါ်တိုအသင်းကိုပြီးခဲ့တဲ့ရာသီတုန်းကမှပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့အကောင်းမွန်ဆုံးခြေစွမ်းပြခဲ့နိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၉ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၇ ဂိုးသွင်း ၆ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

ဒီရာသီကာလမှာလည်းမန်စီးတီးအသင်းအနေနဲ့ကစားပုံကျဆင်းလာရတဲ့အထိဒဏ်ရာရကစားသမားပြသနာရင်ဆိုင်နေရပြီး ဆောင်းရာသီကာလစျေးကွက်မှာသူတို့အသင်းအနေနဲ့အသင်းဆီကစားသမားအတော်များများခေါ်ယူအားဖြည့်ထားခဲ့ကာ ဗစ်ခ်တာလ်ရီစ်၊ကူဆာနော့ဖ်၊အိုမာလ်မာမွတ်ချ်နဲ့နောက်ဆုံးမှာတော့ နီကိုဂွန်ဇာလက်ချ်တို့ကိုခေါ်ယူထားခဲ့ပြီး ဒီဆောင်းရာသီကာလစျေးကွက်မှာ ပေါင်သန်း ၁၈၀ အထိသုံးစွဲထားခဲ့ပါတယ်။

ကျနော့်အတွက်တော့ဒီကလပ်အသင်းဟာပြီးပြည့်စုံတဲ့ကလပ်အသင်းဖြစ်ပါတယ်။ကျနော်အသက် ၂၃ နှစ်ဖြစ်ပြီး အဂ်လန်မှာစမ်းသပ်မှုတွေလိုချင်ပါတယ်။မန်စီးတီးအသင်းထက်ဒီလိုမျိုးသင့်တော်တဲ့ဘယ်အဂ်လန်ကလပ်အသင်းမှရှိမှာမဟုတ်ပါဘူး။

သူတို့အသင်းကိုကြည့်ရရင်လည်း ဒီဟာကမယုံကြည်နိုင်လောက်အောင်ပါပဲ့။ကမ္ဘာ့အဆင့်ကစားသမားတွေပြည့်နှက်နေပြီးဒီကလပ်အသင်းရဲ့တစိတ်တပိုင်းဖြစ်ချင်တဲ့ဘယ်ကစားသမားမှမရှိပါဘူး။

ကျနော်ဂွာဒီယိုလာရဲ့နာမည်ကိုသိပါတယ်။သူ့နဲ့အတူလက်တွဲလုပ်ဆောင်ဖို့အတွက်ကျနော်မစောင့်နိုင်ရလောက်အောင်ပါပဲ့။အမှန်တကယ်မှာလည်းကျနော့်ကိုသူခေါ်ယူချင်တဲ့အတွက်အရမ်းဂုဏ်ယူပြီး အရမ်းစိတ်လှုပ်ရှားနေပါတယ်။ကျနော်အသင်းဖော်တွေနဲ့တွေ့ချင်ပြီး စီးတီးအသင်းပရိသတ်ရှေ့မှာကစားချင်နေပါပြီလို့ ဂွန်ဇာလက်ချ်ကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image