12 ပတ် - ဘာသာပြန်ပါ။

ယာယီနေရပ်စွန့်ခွာနေရသည့် နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုများ နှင့် ပြည်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်မည်

ဖေဖော်ဝါရီ ၅

လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် တိုင်းနှင့်ပြည်နယ်အချို့မှ ယာယီနေရပ်စွန့်ခွာနေရသည့် နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုများ နှင့် ပြည်သူများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက ဖေဖော်ဝါရီလ ၄ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် လိုအပ်သည့် ထောက်ပံ့ချီးမြှင့်မှုများ လျာထားစီစဉ်ဆောင်ရွက်ပေးရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ယာယီနေရပ်စွန့်ခွာနေကြရသူများ၏ စာရင်းကို ကောက်ယူထားရန် လမ်းညွှန်ထားပြီး အထက်ပါရန်ပုံငွေဖြင့် နှစ်စဉ်ခွဲဝေပေးရန် သတ်မှတ်ထားသော ရန်ပုံငွေအပြင် ယခုနှစ်တွင် ရာဂီမုန်တိုင်းတိုက်ခတ်မှုအပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ ထပ်မံဖြည့်ဆည်းပေးထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးဖြစ်သူအားလုံးကို စားရေရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများကို ဆက်လက်ထောက်ပံ့ချီးမြှင့်ခြင်းနှင့်သင့်လျော်သည့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်မည်ဖြစ်ကြောင်း၊ ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ရာတွင်လည်း ထိခိုက်မှုအရေအတွက် စာရင်း၊ ပေးအပ်မည့်နည်းလမ်း၊ လူဦးရေ၊ ငွေပမာဏနှင့်အချိန်တို့သည် စနစ်တကျဖြစ်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များလည်း ထောက်ပံ့ချီးမြှင့်ရာတွင် စာရင်းဇယားမှန်ကန်စေရန် ကြိုတင်စီမံဆောင်ရွက်သွားကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့ပြင် ယာယီနေရပ်စွန့်ခွာနေကြရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများကိုလည်း စာရင်းဇယားတိကျမှန်ကန်စေရေးအတွက် မိမိတို့ရောက်ရှိနေကြသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများထံသို့ လူဦးရေစာရင်းများကို သတင်းပေးပို့ကြရမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image