12 ပတ် - ဘာသာပြန်ပါ။

ဒီနေ့တော့ကျွနတော််တို့ RK ရဲ့ RK R87 ကို Review လေးလုပ်ကြည့်ရအောင်ပါ။
RK ကီးဘုတ်တွေကတော့စေ◌ျးကွက်ထဲလေ့လာရသလောက် လူကြိုက်များကြတဲ့ လူသုံးများကြတဲ့ကီးဘုတ်တွေဖြစ်တယ်။
RK R87 ကီးဘုတ်ကတော့သိတဲ့အတိုင်း စျေးနှုန်းသက်သာပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ကီးဘုတ်ဖြစ်ပါတယ်။ ဒီကီးဘုတ်ကို (Royal Kludge) ကုမ္ပဏီကနေ ထုတ်လုပ်ထားပြီး၊ ဂိမ်းကစားတဲ့သူတွေ၊ Content Writer တွေ ၊Daily Use အတွက် အသုံးပြုသူတွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဆိုတာငြင်းမရပါဘူး။ RK R87 ကီးဘုတ်ကိုထဲထဲဝင်ဝင်ကြည့်လိုက်ရအောင်။ အောက်မှာတော့ အဓိကအချက်အလက်တွေနဲ့ သုံးသပ်ချက်တွေကိုကြည့်လိုက်ရအောင်ပါ။
RK R87 ကီးဘုတ်ရဲ့ အဓိကအချက်အလက်များ
1. Switch အမျိုးအစား
RK ကီးဘုတ်တွေက အများအားဖြင့်တော့ Outemu switches တွေကို အသုံးပြုထားတာတွေ့ရတယ်။ ဒီ switches တွေက စာရိုက်တဲ့နေရာမှာ ချောမွေ့ပြီးတော့ reflection လည်းမြန်ဆန်စေတာကိုတွေ့ရတယ်။ အဓိကအားဖြင့်တော့ Red, Blue, နဲ့ Brown switches တွေကို ရွေးချယ်နိုင်တယ်။
o Red Switch: နှိပ်ရလွယ်ကူပြီးတော့ ဆူညံသံနည်းပါးတယ်။ ဂိမ်းကစားသူတွေ အတွက် သင့်တော်ပါတယ်။
o Blue Switch: စာရိုက်သူများ၊Content Writer တွေ အတွက် သင့်တော်ပြီး ကလစ် ကလစ်ဆိုတဲ့ အသံမြည်ပါတယ်။
o Brown Switch: Red နှင့် Blue switches ကြားထဲမှာ ရွေးချယ်စရာတစ်ခုပါပဲ။ စာရိုက်ခြင်းနဲ့ ဂိမ်းကစားခြင်း နှစ်မျိုးလုံးအတွက် ကောင်းမွန်ပါတယ်ဗျ။
2. ဒီဇိုင်း
RK R87 က 87-key layout နဲ့ ဒီဇိုင်းထုတ်ထားပြီးတော့မှ USB cable ကို အသုံးပြုထားပေးပါပါတယ်။ ကီးဘုတ်ရဲ့ ကိုယ်ထည်ကတော့ ပလတ်စတစ်နဲ့ပဲ လုပ်ထားပေမယ့် ခိုင်ခံ့ပြီး လက်တွေ့မှာ Quality တစ်ခုကို ပေးစွမ်းနိုင်တယ်။
3. RGB Backlighting
RGB backlighting ပါရှိပြီးတော့ ကိုယ်ကြိုက်တဲ့ အရောင်အမျိုးမျိုးကို စိတ်ကြိုက်ပြင်ဆင်နိုင်တယ်။
4. အသုံးပြုမှုလွယ်ကူခြင်း
plug-and-play စနစ်နဲ့ အလုပ်လုပ်တယ်။ ဆော့ဖ်ဝဲလ်ထည့်သွင်းစရာမလိုဘဲ ချက်ချင်းအသုံးပြုနိုင်ပါတယ်။
5. စျေးနှုန်း
စျေးနှုန်းသက်သာပြီးတော့ Daily use အတွက် အရည်အသွေးကောင်းမွန်သော ကီးဘုတ်တစ်ခုရှာနေတယ်ဆိုရင်တော့ RK R87 ကိုဝယ်ချလိုက်ဖို့ရဲရဲကြီးပြောချင်ပါတယ်။
RK R87 က စျေးနှုန်းနဲ့ အရည်အသွေးကို မျှတစွာပေးစွမ်းနိုင်တဲ့ကီးဘုတ်တစ်ခုဖြစ်တယ်။ RGB backlighting နှင့် မတူညီတဲ့ switch အမျိုးအစားတွေကြောင့်၊ လူတိုင်းအတွက် သင့်တော်တယ်။ ကိုယ်ကစျေးနှုန်းအများကြီးမသုံးချင်ဘူး ကွာလတီကောင်းတာလည်းရချင်တယ်ဆို ဒီကီးဘုတ်က အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

image