အာဆင်နယ်အသင်းနည်းပြမီခေးလ်အာတီတာက အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကိုကျေနပ်နေပြီး ပြီးခဲ့တဲ့ ဖောဖော်ဝါရီ ၂ ရက်နေ့တုန်းက မန်ချက်စတာစီးတီးအသင်းကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့နောက်မှာတော့ အကောင်းမွန်ဆုံးနေ့ရက်ဖြစ်တယ်လို့ဝန်ခံပြောဆိုလိုက်ပါတယ်။

အရမ်းကိုကောင်းမွန်တဲ့နေ့ရက်ဖြစ်ပါတယ်။ငါတို့ကြုံတွေ့ခဲ့ရတဲ့ပြိုင်ဘက်အသင်း၊ငါတို့ရလာတဲ့ယှဉ်ပြိုင်မှုရလဒ်တွေနဲ့ ငါတို့ကစားပုံတွေကိုစဉ်းစားသုံးသပ်ကြည့်တဲ့အခါမှာအရမ်းကိုကောင်းမွန်ခဲ့ပါတယ်။ဒီဟာက ဒီနေ့မှာထူးခြားတဲ့နေ့ရက်ဖြစ်ပြီး ငါတို့လိုချင်တဲ့အတိုင်းဖြစ်ခဲ့တဲ့အရာတွေအများကြီးရှိပါတယ်။

အသင်းသားတွေအနေနဲ့ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပြီးငါတို့အနေနဲ့ဧည့်သည်အသင်းခံစစ်ကိုအတော်လေးဖိအားပေးနိုင်ခဲ့ကာ ခက်ခဲတဲ့အနေအထားအောက်ရောက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။တခါတလေမှာတော့မင်းအနေနဲ့ကံတရားဖေးမတာမျိုးရှိပါလိမ့်မယ်။နောက်ပိုင်းမှာတော့မင်းအနေနဲ့အရည်အသွေးရှိရှိကစားရမှာဖြစ်ပါတယ်။ငါတို့အနေနဲ့ ရဲရဲရင့်ရင့်နဲ့ကစားရမှာဖြစ်ပြီး ဒီဟာကတန်ဖိုးရှိပါတယ်။အရာအားလုံးကငါတို့လမ်းကြောင်းအတိုင်းအံဝင်ခဲ့ပါတယ်။

အသင်းသားတွေရဲ့အရည်အသွေးတွေနဲ့ယှဉ်ပြိုင်ရာမှာသူတို့လုပ်ဆောင်နိုင်စွမ်းတွေကိုမြင်သာအောင်ပြသခဲ့တာကျနော်ကြိုက်နှစ်သက်ပါတယ်လို့ အာဆင်နယ်အသင်းနည်းပြမီခေးလ်အာတီတာက မန်ချက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ပြီးနောက်မှာတော့ ပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image