12 ပတ် - ဘာသာပြန်ပါ။

Gaming PC ဒါမှမဟုတ် Professional PC ဆင်ပြီဆိုရင် ရွေးချယ်ရတာ တစ်ခုက Air Cooling System လား Liquid Cooling System လားဆိုတာပါပဲ 🤔
Air Cooling နဲ့ Liquid Cooling တို့က လူကြိုက်အများဆုံး Cooling system 2 ခု ဖြစ်ပြီး 2 ခုလုံးမှာ အားသာချက် အားနည်းချက်ကိုယ်စီ ရှိနေပါတယ်။ အခု သူတို့ရဲ့ အားသာအားချက်ချက်လေးတွေကို ပြောပြပြီး ကိုယ်နဲ့ ကိုက်ညီမယ့် Cooling system ကို ရွေးချယ်နိုင်အောင် အကြံပေးသွားမှာ ဖြစ်ပါတယ်
✨Air Cooling
အလုပ်လုပ်ပုံ - Heat Sink နှင့် Fans များကို အသုံးပြုပြီး အပူစွန့်ထုတ်စနစ်
အားသာချက် - ဈေးနှုန်းသက်သာခြင်း၊ တပ်ဆင်ရလွယ်ကူခြင်း၊ ထိခိုက်ပျက်စီးနိုင်သောနေရာ နည်းပါးခြင်းနဲ့ Maintenance အများကြီး မလိုအပ်ခြင်း
အားနည်းချက် - နေရာပိုစားနိုင်ခြင်း၊ အသံဆူခြင်းနဲ့ Overclockingတို့အတွက် မလုံလောက်နိုင်ခြင်း
Liquid Cooling
အလုပ်လုပ်ပုံ - ပန့်၊ ပိုက်လိုင်းများနဲ့ Radiator ကို အသုံးပြုပြီး အပူစွန့်ထုတ်စနစ်
အားသာချက် - High Performance Build, overclocking များအတွက် လုံလောက်ကောင်းမွန်ခြင်း၊ ဒီဇိုင်းပိုင်း ပိုမိုလှပခြင်းနဲ့ အသံတိတ်ဆိတ်ခြင်း
အားနည်းချက် - ဈေးနှုန်းကြီးမြင့်ခြင်း၊ Maintenance လိုအပ်ခြင်း၊ လုံလောက်သော Maintenance မရှိပါက ထိခိုက်ပျက်စီးလွယ်ခြင်း
အချုပ်ပြောရမယ်ဆိုရင်တော့
ကိုယ်က စက်ကို သာမန်ပဲခိုင်းမယ် ငွေလည်း အများကြီး အသုံးချင်ဘူးဆိုရင် Air Cooling ကို အကြံပေးချင်ပါတယ်။
စက်ကို Overclock တွေ ကလိမယ်၊ Performance အပြည့်ကို အချိန်အကြာကြီး သုံးမယ့်သူတွေဆိုရင် Liquid Cooling ကို Try ကြည့်သင့်ပါတယ်။

image