12 w - Translate

ခုတလော ပွဲဆူနေတဲ့ Deepseek Vs Chatgpt အကြောင်းလေး ကြုံလို့ သူတို့လိုပဲကိုမှ Text နဲ့မဟုတ်ဘဲ Image တွေ Generate လုပ်ဖို့ အများဆုံးသုံးကြတဲ့ Ai လေးတွေကို ပြောပြပေးချင်ပါတယ် 🥰
1. Adobe Firefly
Photo Video editing ပိုင်းမှာ နာမည်တစ်ခုနဲ့ ရပ်တည်နေတဲ့ Adobe ရဲ့ generative Ai ဖြစ်ပါတယ်။ Photoshop ကဲ့သို့ tools တွေမှာ build-in ပါဝင်ပြီး အခမဲ့သုံးချင်သူတွေအတွက်လည်း Free web version ရှိပါတယ်။
Firefly ရဲ့ အဓိကကောင်းတဲ့အချက်က သူ generate လုပ်ပေးထားတဲ့ပုံတွေဟာ စီးပွားရေးသုံး commercial use အတွက် safe ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ prompt ပေးတဲ့အခါမှာလည်း ကြိုက်တဲ့တဲ့ aspect ratio, content type, art style တွေကို အသေးစိတ် ထည့်နိုင်ပြီး ai image ထိရဲ့ အဓိကပြဿနာဖြစ်တဲ့ လက်ချောင်းတွေကို အမှားတော်တော်လေး နည်းတာ တွေ့ရပါတယ်
2. Midjourney
Midjourney ကတော့ ထူးထူးဆန်းဆန်း discord based image generation Ai တစ်ခု ဖြစ်ပါတယ်။ သူ့ကို သုံးဖို့ဆို Midjourney account ရော discord account ရော ရှိနေဖို့ လိုပါတယ်။
User interface ကို အသားကျဖို့ အချိန်တစ်ခုတော့ ပေးရပေမဲ့ ပြန်ရလာမယ့် image quality တွေက ထိုက်တန်တယ်လို့ပဲ ပြောရပါမယ်။ Animation ပုံတွေကအစ photorealistic တွေအထိကို အမှားမရှိသလောက် ကောင်းကောင်း ထုတ်ပေးနိုင်တဲ့ နောက်ထပ် Image Generation Ai တစ်ခု ဖြစ်ပါတယ်
3. DALL-E
Ai ရဲ့ ဆရာတစ်ဆူဖြစ်တဲ့ openai က ပိုင်တဲ့ ဒီ DALL-E ဟာ paid version ဖြစ်တဲ့ Chatgpt 4 မှာ တစ်ခါတည်း ပါဝင်ပြီးသား ဖြစ်ပါတယ်
Ai image generation တွေထဲမှာမှ သူ့ရဲ့ artistic style ကြောင့် နာမည်တစ်ခု ရထားပြီး photorealistic image တွေကို ထုတ်ပေးနိုင်ပါတယ်။ အပေါ် 2 ခုနဲ့ မတူတာကတော့ သူက prompt တစ်ခုကို နမူနာပုံ 1 ပုံသာ ထုတ်ပေးပြီး brush tool နဲ့ select လုပ်ပြီး selection ကို edit ဖို့အတွက် prompt သက်သက် ထပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်

Credit#

image