ပထမ"လူကို
မင်းက အရမ်းချစ်တယ်
သူက မင်းကိုထားသွားတဲ့အခါ
မင်း အရမ်းနာကျင်ရတယ်
အဲ့နာကျင်မှုကို ကုစားနိုင်ဖို့
မင်းအတွက် "ဒုတိယ"လူကို
အစားထိုးလိုက်တယ်
မင်းဘက်ကပေးတဲ့ ချစ်ခြင်းမေတ္တာတွေက
အတုအယောင် ဖြစ်နေပါစေ
သူ မင်းကို ပြန်ချစ်တဲ့ အချစ်တွေက
အစစ်အမှန်ဖြစ်နေခဲ့တယ်
မင်းက တစ်ယောက်တည်းနေရမှာ၊
အထီးကျန်နေရမှာကြောက်တယ်
အဲ့အတွက် နေရာလွတ်ကို အစားထိုးလိုက်တယ်
မင်း ဒဏ်ရာကို ကုစားဖို့ သက်သက်နဲ့
လူတစ်ယောက်ကို အသုံးချပစ်လိုက်တယ်
မင်းအနားမှာရှိနေတဲ့လူက မင်းနဲ့အတူတူ
အနာဂတ်အထိ တွေးထားခဲ့တယ်
တစ်ဘဝလုံး မင်းလက်ကိုပဲ တွဲမယ်လို့
ဆုံးဖြတ်ချက်တွေ ချ ထားခဲ့တယ်
မင်းကတကယ်မချစ်ဘူးလေ
သူ့ကိုအနားမှာခေါ်ထားလည်း၊
သူနဲ့စကားတွေပြောနေလည်း
မင်းစိတ်တွေက ပထမလူဆီမှာပဲရောက်နေ
သူ ပြန်လာ အခေါ်ကို မင်းစောင့်နေခဲ့တယ်
မင်းက ကံကောင်းတယ်
ပထမ လူက မင်းကို ပြန်လာခေါ်တယ်
မင်း အရမ်းတွေပျော်နေတယ်
သူပြန်လာခေါ်တာကို စောင့်နေခဲ့တာကို
မင်းလောက်ပျော်တဲ့သူရှိမှာမဟုတ်တော့ဘူး
အဲ့အချိန်မှာ မင်းဒဏ်ရာတွေလည်း
ပျောက်သွားပြီ နာကျင်စရာလည်း မရှိတော့ဘူး
အစားထိုးစရာလည်းမလိုတော့ဘူးလေ
လွယ်ပါတယ် ဒုတိယလူကို
မင်း ပစ်ချ ခဲ့လိုက်တော့တာပဲ ...
မင်း အစားထိုးခဲ့တဲ့သူက
အဲ့ချိန်ကစပြီး ကံတွေဆိုးတော့တာပဲ
သူ့ အိပ်မက်တွေ၊ သူ့ အနာဂတ်တွေ၊
မင်းအပေါ်ချစ်ပေးခဲ့တဲ့ သူ့အချစ်တွေ၊
ဂရုစိုက် ပေးခဲ့တာတွေအတွက်
သူ့ကိုယ်သူ ဖြေဆယ်မနိုင်အောင်၊
ရူးနေအောင် နာကျင်နေရပြီ ... ... ...
လမ်းခွဲခြင်းတွေ မသေချာရင်၊
ကိုယ့်စိတ်ကိုယ် မပြတ်သားနိုင်ရင်
နောက်လူကို ဘဝထဲထိ ဆွဲခေါ်ပြီး
ဒဏ်ရာတွေမပေးပါနဲ့
ဓားနဲ့ထိုးမသ-တ်လည်း
စိတ်ကိုသ-တ်နိုင်ရင် အဲ့လူ​​ေ-သ-ပါတယ်
ဒဏ်ရာကို ဒဏ်ရာပေးတဲ့သူနဲ့ပဲ
ကုစားတတ်ပါစေ..😒
မင်းရဲ့ နာကျင်မှုတွေအတွက်
မင်းရဲ့ မပျော်ရွှင်မှုတွေအတွက်
တခြား လူတစ်ယောက်ကို
တကူးတက ဖိတ်ခေါ်ပြီးမှ အသုံးမချပါနဲ့ ...😔
ကိုယ်ချင်းစာတတ်ပါစေ ... ... ...😔

image