12 w - Translate

ကြောက်စိတ်နဲ့ပတ်သက်ပြီး မကြာသေးခင်က မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်ပါ တယ်။ ကျွန်မတို့တွေအကုန်လုံး ကြောက်တတ်ကြပါတယ်။ လူဟာလူပါပဲ။ လူသားတစ် ယောက်ရဲ့ ခံစားမှုတွေထဲမှာ ပျော်တာတွေ၊ ၀မ်းနည်းတာတွေ၊အပြင် ကြောက်တယ်ဆိုတာကလည်း အခြေခံကျတဲ့ခံစားမှုတစ်ခုပဲဖြစ်ပါတယ်။
မကြောက်တဲ့သူဆိုတာမရှိပါဘူး။ ကြောက်တဲ့ခံစားမှုဟာ သဘာဝကျတဲ့ ခံစားမှုတစ်ခု ဖြစ်ပါတယ်။ ကြောက်တတ်မှပဲ မိမိကိုယ်မိမိ မထိခိုက်ရအောင် ကာကွယ်နိုင်မှာဖြစ်တယ်။
ကြောက်တတ်တယ်ဆိုတဲ့နေရာမှာ သရဲခြောက်လို့ကြောက်တယ်ဆိုတာမျိုးထက် အခြေအနေတွေ၊ အဖြစ်အပျက်တွေကို တွေးပြီး ဖြစ်လာရင် ဘယ်လိုလုပ်မလဲ၊ မဖြစ်လာရင် ဘယ်လိုလုပ်မလဲ အစရှိသဖြင့် ပူပန်ကြောင့်ကျပြီး ကြောက်စိတ်ဝင်တာမျိုးပဲဖြစ်ပါတယ်။
ဒါပေမဲ့ ကြောက်စိတ်ဟာ တကယ်ဖြစ်နေတဲ့အခြေအနေ Reality နဲ့ အများကြီးကွာဟနေတတ်ပါတယ်။
Fear is not a reality.
ကြောက်စိတ်ဟာ တွေ့ဖူးကြုံဖူးတဲ့ အဖြစ်ပျက်တွေ၊ အခြေအနေတွေ၊ အတွေ့အကြုံ တွေကိုမူတည်ပြီး ကိုယ်တိုင်ဖန်တီးလိုက်မိတဲ့ အာရုံခံစားမှုတစ်ခုသာဖြစ်ပြီး တကယ်ဖြစ်နေ တာတော့မဟုတ်ပါဘူး။
ဘာနဲ့အလားသဏ္ဍာန်တူလဲဆိုရင် ရုပ်ရှင်ပိတ်ကားပေါ်မှာ ကိုယ်တိုင် ဒါရိုက်တာလုပ်၊ ဇာတ်ညွှန်းရေး၊ ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ၀င်လုပ်လိုက်တဲ့ ရုပ်ရှင်ကားတစ်ကားနဲ့တူပါ တယ်။
ဒါကြောင့် ကြောက်စိတ်ဖြစ်လာပြီးဆိုရင် ဒါတကယ်ဖြစ်နေတာ မဟုတ်ဘူးလို့သာ တွေးကြည့်လိုက်ပါ။ စိတ်ကို ပစ္စုပ္ပန်
တည့်တည့်မှာထားပါ။
ဘယ်အရာမဆို ဖြစ်ရမယ့်အကြောင်းတွေပါလာတဲ့အခါ ဖြစ်ကိုဖြစ်ရမှာအမှန်ပါပဲ။ ဒါပေမဲ့ ကိုယ်စိတ်ပူနေတာတွေ၊ ဖြစ်လာမှာကြောက်တဲ့အရာတွေ၊ ဖြစ်ခါမှဖြစ်ရော...ဆိုးတာ တွေကြားထဲမှာလည်း ကောင်းတာတွေ ရှိနေသေးတယ်ဆိုတာ သတိပြုရမှာဖြစ်ပါတယ်။
ကြောက်တဲ့စိတ်ပေါ်လာရင် ထုံးစံအတိုင်း တခြားခံစားမှုတွေကို အသိအမှတ်ပြုသလို သူ့ကိုလည်း အသိအမှတ်ပြုပေးလိုက်ပါ။ ကျွန်မတို့ တရားထိုင်တဲ့အခါမှာ စိတ်ထဲပေါ်လာတဲ့ အာရုံတွေတောင်မှ တစ်ချိန်လုံးတည်မြဲနေတာမဟုတ်ဘဲ ရုပ်ရှင်ပြကွက်တွေလို တစ်ခုပြီး တစ်ခု၊ တစ်ခန်းပြီးတစ်ခန်း ပြောင်းလဲ၊ ပုံပေါ်၊ ပျက်စီးသွားတာမျိုးဖြစ်ပါတယ်။
ဒါကြောင့် ကြောက်စိတ်ဆိုတာကလည်း အာရုံတစ်ခုမျှသာဖြစ်ပြီး သူ့ကို လွှတ်မထားဘဲ အသိအမှတ်ပြုလိုက်တာနဲ့ တခဏချင်းမှာ ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။
ကြောက်စိတ် အမျိုးအစားတွေကိုဆက်ရေးပေးပါမယ်။
#withloveandlight
#mudrahealing
#monhalsey
#escapingthemindmaze

Credit###

image