"မျက်နှာ လွှဲနေလိုက်ပါ "
တချို့လူတွေက လိမ်နေတယ် ။
လိမ်နေမှန်းသိရက်နဲ့
မသိချင်ယောင် ဆောင်လိုက်ရတယ်။
တစ်ချို့လူတွေက အကျင့်ယုတ်တယ်။
အကျင့်ယုတ်မှန်း သိရက်နဲ့
မျက်နှာပျက်မခံနိုင်လို့
သည်းခံပြီး နေလိုက်ရတယ်။
တချို့လူတွေက လေများတယ်။
လေများမှန်း သိရက်နဲ့
မကောင်းတတ်လို့
မျက်စိတစ်ဖက် ပိတ်နေလိုက်ရတယ်။
တချို့လူတွေက
သိပ်အပြောကောင်းတယ်။
မဟုတ်မှန်းသိရက်နဲ့
နားထောင်ကောင်းကောင်းနဲ့
ကျိတ် ယုံလိုက်ရတယ်။
တချို့လူတွေက
ဟန်ဆောင်ကောင်းတယ်။
ဟန်ဆောင်နေမှန်း သိရက်နဲ့
ကိုယ်ပါ မသိချင်ယောင်ဆောင်
ဟန်ဆောင်လိုက်ရတယ်။
လူ့လောကကြီးဟာ
အရမ်း ရှုပ်ထွေးပါတယ်။
သိနေပေမယ့်လည်း
မသိလိုက်တာက ပိုကောင်းသလို
မြင်နေပေမယ့်လည်း
မမြင်ချင်ယောင်
ဟန်ဆောင်လိုက်ရတာ
ပိုပြီး ငြိမ်းချမ်းပါတယ်။
အဖြေမထွက်တဲ့ အရာတစ်ခုကို
တစ်ဒေါက်ဒေါက် ခေါက်ပြီး
ထိုင် တွက်ချက်နေလည်း
ဘာမှ မထူးလာတာတွေ ရှိတတ်ပါတယ်။
ကိုယ်ပြုပြင်လို့မရမယ့် အတူတူတစ်ခါတလေ
မျက်နှာလေးလွှဲနေတာက
ပိုပြီးကောင်းပါတယ်။
