13 w - Translate

မပြည့်တဲ့အိုး
လောကမှာ မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ် တတ်ပါတယ်...
လူတချို့က
ကိုယ့်ကိုယ်ကို အတော်ဆုံးပါလို့ ထင်မြင်ပြီး
တစ်ဖက်သားကို အထင်သေးတတ်ကြတယ်...
ကိုယ့်ထက် မိုးပျံအောင် တော်တတ်နေသူတွေ
တစ်ပုံကြီးရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....
လူတချို့က
ကိုယ့်ကိုယ်ကို အချမ်းသာဆုံးပါလို့ မှတ်ထင်ပြီး
တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်....
ကိုယ့်ထက် ကျိကျိတက် ချမ်းသာသူတွေ
ဒုနဲ့ဒေး ရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....
လူတချို့က
ကိုယ့်ကိုယ်ကို ပြည့်စုံလွန်းသူလို့ သတ်မှတ်ပြီး
တစ်ဖက်သားကို နှာခေါင်းရှုံ့တတ်ကြတယ်...
ကိုယ့်ထက်ပေါများ ပြည့်လျှံသူတွေ
အမြောက်အများ ရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....
ဘဝမှာလူတိုင်းကတော့
သူ့အရည်အချင်းနဲ့သူ ရှိကြပါတယ်...
ကိုယ့်မှာ မရှိတဲ့ အရည်အချင်းတွေ
သူ့ဆီမှာ ရှိနိုင်သလို
သူ့မှာ မရှိတဲ့ အရည်အချင်းတွေလည်း
ကိုယ့်ဆီမှာ ရှိနေနိုင်ပါတယ်.....
ဘာမှမမြဲတဲ့ လောကမှာ ဘဝကို
ပုံသေတွတ်မထားပါနဲ့
အောင်မြင်ခြင်းနဲ့ ရူံးနိမ့်ခြင်းဆိုတာ
ခေါင်းနဲ့ပန်းလိုပဲအနီးဆုံးရှိနေတာမို့
ဘယ်သူ့ကိုမှ အနိမ့်နဲ့အမြင့်
မခွဲခြားသင့်တာ ကောင်းပါတယ်....
လောကမှာ မပြည့်တဲ့ အိုးတွေက
ဘောင်ဘင်ခတ် တတ်ပါတယ်...

image