*စာနယ်ဇင်းတို့၏ လုပ်ငန်းတာဝန်
စာနယ်ဇင်းတို့သည်
၁။ သတင်းအချက်အလက်များ၊ သုံးသပ် ဝေဖန်ချက်များအားဖြင့် အများပြည်သူကို တိုင်းပြည်ရေးရာနှင့် စပ်လျဉ်း၍ အသိပေးသည်။
၂။ အစိုးရရေးရာများကို ဖော်ပြခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဝေဖန်ထောက်ပြခြင်းများ အားဖြင့် အုပ်စိုးသူတို့အား မိမိတို့ လုပ်ရပ်များနှင့် စပ်လျဉ်း၍ တာဝန်ယူမှု ရှိစေသည်။
၃။ တစ်နိုင်ငံလုံးနှင့်ဆိုင်သော အရေးကိစ္စများ၊ ဒေသအသီးသီးရှိ ပြဿနာများနှင့် စပ်လျဉ်း၍ အများသူငါတို့ ရှုထောင့် အဖုံဖုံမှ ဆွေးနွေး ဝေဖန်နိုင်ကြရန် နေရာထိုင်ခင်း ဖန်တီးပေးသည်။
တစ်နည်းပြောသော်၊
စာနယ်ဇင်းတို့သည် အစိုးရတို့၏ လုပ်ဆောင်ချက်များကိုအများပြည်သူ သိရှိအောင် တင်ပြပေးသကဲ့သို့၊ ထိုသိရှိမှုတွင် အခြေခံကာ တိုင်းရေးပြည်ရာ ဆုံးဖြတ်ပိုင်းခြားရာများ၌ အများပြည်သူ ပါဝင်နိုင်အောင် ဖန်တီးပေးခြင်းဖြင့် ဒီမိုကရေစီအစိုးရ (ပြည်သူ့အစိုးရ) စနစ် ပီပြင်အောင် အထောက်အကူ ပြုသည်ဟု ဆိုနိုင်သည်။