13 w - Translate

အိမ်ထောင်ကွဲဖူးသူမို့ ပက်အပေါ် ကျွန်တော် စာနာပါတယ် …
‘ မန်စီးတီးနဲ့ ပက်အပေါ် စာနာမိလား? ဟုတ်ကဲ့၊ တခုတော့ စာနာမိပါတယ်။ ဘောလုံး ပြင်ပမှာ ပက် ( ဂွါဒီယိုလာ ) ရင်ဆိုင်နေရတာက မလွယ်ပါဘူး။ ဘာစီလိုနာကို ကျွန်တော် ရောက်သွားတုန်းက ဒါမျိုး ကိုယ်တိုင် ကြုံခဲ့ဖူးပါတယ်။
စိတ်ပိုင်းဆိုင်ရာ အခက်ကြုံနေချိန် ဒီကိစ္စမျိုး ဖြေရှင်းရတာက မလွယ်ပါဘူး။ သူ အရင်လို ပုံမှန် မဟုတ်တော့တာ ခင်ဗျားတို့လည်း မြင်နိုင်ပါတယ်။ ဒီကိစ္စက မလွယ်ဘူး ဆိုတာ ကျွန်တော် ခင်ဗျားတို့ကို ပြောနိုင်ပါတယ်။ ‘ 🗣️ သီယာရီ အွန်နရီ
( ဂွါဒီယိုလာဟာ သိပ်မကြာသေးခင်ကမှ ဇနီးဟောင်း ဖြစ်သူ ခရစ်တီနာ ဆယ်ရာနဲ့ လမ်းခွဲခဲ့ပြီး၊ အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်းလည်းဖြစ်၊ ပက်ရဲ့ တပည့်ဟောင်းလည်း ဖြစ်တဲ့ အွန်နရီဟာ ၂၀၀၇တုန်းက ဇနီးဟောင်း ဖြစ်သူ ကလဲ မယ်ရီကို ကွာရှင်းခဲ့ဖူးပါတယ်။ )

image