Part-5
*မောင်သာနိုး(သို့မဟုတ်) ကျောက်ဆောက်က ကျောက်ဆောင်
(အပိုင်း- ၂)
သန္တိကေနိဒါန်းကတော့-
၁၉၇၅ ခုလောက်မှာ မိမိလည်း ဒေးဒရဲကွင်းကျောင်းမှာပြုလုပ်တဲ့ “အရှင် အာဒိစ္စဝံသမူ နိကယ်သင်တန်း” တက်အပြီး ရန်ကုန်မှာ တိုင်းရင်းဆေးသင်တန်း တစ်ဖက်၊ အကူစာချဘုန်းကြီးတစ်ဖက်နဲ့ ရန်ကုန်မှာပဲ နှစ်နှစ်လောက် ဆက်တိုက် နေရတော့၊ တက္ကသိုလ်အတွင်း ဆရာဂျမ်းရုံးအနီးက ‘ဦးနီလက်ဖက်ရည်ဆိုင်’မှာ သောကြာနေ့ညနေတိုင်း ဆရာဂျမ်း၊ ဆရာနိုး၊ ဆရာစွမ်းအပါအဝင် စာရေးဆရာများ၊ ကျောင်းဆရာများ၊ စာပေဝါသနာရှင်များနဲ့ ပြန်ဆုံမိကြပါတယ်။
အဲဒီတုန်းက အမှတ်တရဖြစ်စရာတစ်ခုကတော့-
ဦးပုညရဲ့ ရေသည်ပြဇာတ်ကို ဆယ်တန်းမြန်မာစာမှာ စပြီးပြဌာန်းတဲ့နှစ်၊ ပြဇာတ်စာထဲမှာ “ဤမြို့ သိမ်ငယ်၊ ဇင်္ဂလယ်၌”ဆိုတဲ့ စာပိုဒ်ပါတယ်၊ ဒီစာပိုဒ်ရဲ့ အောက်ချေမှာ‘ဇင်္ဂလယ်’ကို ‘ဂျင်ဂလယ်'လို့ ပြင်ထားတာ ပါတယ်။
အဲဒါနဲ့ပတ်သက်လို့ အမှားအမှန်ဆွေးနွေးကြတာ၊ ဆရာစွမ်းက 'ကျောင်းသုံး စာအုပ်ထုတ်ဝေရေးမှာ လုပ်နေတာဆိုတော့ ဒီကိစ္စမှာ သူက တာဝန်အရှိဆုံးအဖြစ်နဲ့ ဖြေရှင်းနေရပုံရပါတယ်။ မိမိရောက်သွားတော့-
“ကဲ...ဟိုတခေတ်က “ဖားတင်္ဂါပြဿနာ'မှာလည်း ဆရာတော် ရဝေထွနဲ့ က ပါဠိအကိုးနဲ ့ဖြေရှင်းခဲ့ဖူးတယ်၊ ခုလည်း တို့ဘုန်းကြီးလာပြီ၊ ဖြေရှင်းခိုင်းပါဦး ဆိုပြီး ဆရာဂျမ်းက ဖြစ်ပုံအကျိုးအကြောင်းကို ရှင်းပြတယ်။ အဲဒီတုန်းက မိမိက နိကာယ်သင်တန်းတက်ပြီးစဆိုတော့ စာတချို့ မမေ့သေးဘူး။
ဒါနဲ့ မိမိက-
“ဒီစာမှာ ဦးပုညရဲ့မူလအသုံးအနှုန်း ‘ဇင်္ဂလယ်’က အမှန်ဖြစ်တယ်၊ ဒီ နိကာယ်၊ သုတ်မဟာဝါ၊ မဟာသုဒဿနသုတ်မှာ 'မြို့သိမ်မြို့ငယ်’ဆိုတာနဲ့ ပတ်သက်လို့-
“ခုဒ္ဒကနဂရက= မြို့ငယ်လေး၊
*ဥဇ္ဇင်္ဂလနဂရက= ကုန်းခြောက်လွင်ပြင်မှာရှိတဲ့ မြို့လေး၊
(အပူပိုင်းကျတဲ့ မြေကြမ်းမြို့ခြောက်ကလေး)၊

#ဆက်ရန်ရှိ