13 w - Translate

iPhone တွေမှာ Starlink ဂြိုလ်တု အင်တာနက် သုံးနိုင်တော့မည်
=====================================
အမေရိကန်မှာ iPhone တွေမှာ Starlink ဂြိုလ်တု အင်တာနက်ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Apple ဖြန့်ချိလိုက်တဲ့ iOS 18.3 Update မှာ Starlink ဂြိုလ်တု အင်တာနက်ကို သုံးနိုင်တဲ့ Feature ပါလာပါတယ်။
အမေရိကန်က T-Mobile User တွေဟာ Starlink ဂြိုလ်တု အင်တာနက်ကို သုံးနိုင်တော့မှာပါ။ Apple, SpaceX နဲ့ T-Mobile တို့က ဒီဝန်ဆောင်မှုအတွက် လျှို့ဝှက်စွာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။
T-Mobile က အရင်တုန်းက Starlink ဂြိုလ်တု အင်တာနက်ကို ရမယ့် Android စမတ် ဖုန်း အနည်းငယ်ကိုပဲ ကြေညာထားပေမယ့် အခုတော့ iOS 18.3 Software Update ရတဲ့ iPhone တွေလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။
iPhone တွေဟာ ဆယ်လူလာလိုင်း မရတဲ့ နေရတွေမှာ Starlink ဂြိုလ်တု အင်တာနက်ကို အသုံးပြုကာ စာသားတွေ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တည်နေရာ မျှဝေတာကိုပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

image