13 ပတ် - ဘာသာပြန်ပါ။

တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား ဖော်ထုတ်အရေးယူခြင်းများဖြင့် တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသား ဆောင်ရွက်သွားရန် နစကဥက္ကဋ္ဌမှာကြား

ဖေဖော်ဝါရီ ၄

တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား ဖော်ထုတ်အရေးယူခြင်းများဖြင့် တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသားဖြင့် ကိုင်တွယ်ဆောင်ရွက်သွားကြရန် ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြု၍ နိုင်ငံတော်တွင် အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ထိထိရောက်ရောက် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာ၌လည်း ၎င်းကိစ္စနှင့်ပတ်သက်၍ အာရုံစိုက်မှုရှိလာကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း၍ ၎င်းဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာဆောင်ရွက်နေကြောင်း ပြောသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်၊ သက်ဆိုင်ရာ နယ်မြေ‌တွေအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေနဲ့ မိမိတို့ဒေသ‌တွေအတွင်းမှာ တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုလုပ်ငန်း‌တွေ တခြားဒုစရိုက်လုပ်ငန်းတွေ မရှိစေဖို့နဲ့ မဖြစ်ပေါ်စေဖို့ ဖော်ထုတ်အရေးယူတာတွေကို တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသားနဲ့ ကိုင်တွယ်ဆောင်ရွက်သွားကြဖို့ မဖြစ်မနေလိုအပ်ပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၎င်းအမှုများအပြင် မူးယစ်ဆေးဝါးကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူများအပြင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြာသည်။

#centralnewsnaypyitaw

image