13 ပတ် - ဘာသာပြန်ပါ။

သက်တမ်းကုန်ခါနီး မြန်မာလုပ်သား(၂)သန်းခန့်ထံမှ ဘတ် (၁၈၀ဝ) စီ ပိုကောက်မည့် ထိုင်းတို့အကြံ မြန်မာအစိုးရလက်မခံ

ဖေဖော်ဝါရီ ၄

သက်တမ်းကုန်ခါနီး ထိုင်းရောက်မြန်မာလုပ်သား (၂)သန်းခန့်ထံမှ ဘတ်(၁၈၀ဝ)ပိုကောက်မည့် ကိစ္စကို မြန်မာအစိုးရဘက်ကလက်မခံကြောင်း ထိုင်းအခြေစိုက် မြန်မာသတင်းရင်းမြစ်များထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်‌နေသူများတွင် Passport ဖြင့် တရားဝင်သွားရောက်လုပ် ကိုင်သည့် MOU လုပ်သားများအပြင် တရားမဝင် သွားရောက်၍ CI ဖြင့် အလုပ်လုပ်ကိုင်နေသူများလည်း ရှိနေသည်။
၎င်းတို့အနက်မှ တရားဝင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာအလုပ်သမားများအနက် အလုပ် သမား(၂)သန်း နီးပါးသည် လာမည့်ဖေဖော်ဝါရီ (၁၃)ရက်တွင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်ဆုံး မည်ဖြစ်ကြောင်း သိရသည်။

‘Work ပါမစ်နဲ့ ဗီဇာသက်တမ်းတိုးဖို့ပေါ့။ သက်တမ်းတိုးဖို့ကို အတိအကျဆို လူ(၁)သန်းနဲ့ (၇)သိန်းလောက်ရှိ တယ်။ တိုးဖို့ကို ထိုင်းဘက်နဲ့ ဗမာဘက်နဲ့ ပထမတော့ Pre MOU ဆိုပြီးတော့ MOU ပုံစံတစ်မျိုးပေါ့။ အဲဒီလိုမျိုး ပြောတဲ့အခါ ကျတော့ ထိုင်းဘက်က ပိုက်ဆံအပိုတွေ တောင်းတာ။ လာမယ့် (၂)လပိုင်း(၁၃)ရက်အကုန်ကုန်မှာ။ တစ် ယောက်မှမကျန်ဘူး။ ထိုင်းဘက်က နောက်ထပ် သက်တမ်း(၅)လထပ်တိုးပေးတယ်။ (၆)လပိုင်းအထိ ဖြစ်သွားတာ ပေါ့} ဟု ထိုင်းအခြေစိုက် မြန်မာသတင်း ရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်များအနေဖြင့် ILO ဥပဒေနှင့်ညီစေရန်အတွက် ၎င်းတို့၏စက်ရုံ အလုပ်ရုံများ တွင်ရှိနေသည့် တရားမဝင် CI လုပ်သားများကိုလည်း တရားဝင်နှစ်နိုင်ငံအစိုးရ၏ အသိ အမှတ်ပြု MOU လုပ်သား များကဲ့သို့ ဖြစ်စေရေးကိုလည်း ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်တမ်းပြန် တိုး မည့် တရားဝင် MOU လုပ်သားများ အပါအဝင် CI လုပ်သားများထံမှ ကုန်ကျစရိတ်အပြင် တစ်ဦး လျှင်ဘတ်(၁၈၀ဝ)ကို ထပ်မံကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘတ်(၁၈၀ဝ)ကို ထိုင်းအစိုးရနှင့် မြန်မာအလုပ်သမား သံအရာရှိတို့က ထိုင်းတွင်ဘတ်ငါးသန်းဖြင့် လိုင်စင်တင်ထားသည့် အေဂျင်စီများမှတစ်ဆင့် မြန်မာသံရုံးမှ ကောက်ခံ သည့် ခေါင်းစဉ်ဖြင့် ကောက်ရန် ကြိုးစားခြင်းဖြစ်သည်။ ၎င်းဘတ်(၁၈၀ဝ)ကို Namelist စစ်ရန်ပေးရသည့် သဘော မျိုးဖြင့် ကောက်ခံသွားမည်ဖြစ်ရာ အဆိုပါကိစ္စကို မြန်မာသံအမတ်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သိရှိသွားပြီးနောက် အဆိုပါကိစ္စသည် မြန်မာလုပ်သားများနှင့် နိုင်ငံတော်ကို ထိခိုက်နစ်နာနိုင်သည့်အတွက် မြန်မာ အစိုးရဘက်မှ လက်မခံကြောင်း သိရသည်။

အဆိုပါငွေကြေးများသည် မြန်မာသံရုံး‌‌ခေါင်းစဉ်ဖြင့် ကောက်ခံမည်ဆိုသော် လည်း မြန်မာအစိုးရ၏ဘဏ္ဍာငွေထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ဘဲ ထိုင်းအစိုးရ၊ အေဂျင်စီနှင့် လုပ်သံအ ရာရှိများမှ အလွဲသုံးစားမလုပ်ဟုလည်း မပြောနိုင်ပေ။ အဆိုပါကိစ္စကို မြန်မာအစိုးရဘက်မှလက်မခံကြောင်း သိရသည်။

‘သဘောမတူတာမဟုတ်ဘူး။ ထိုင်းဘက်ကလုပ် တဲ့ဟာတွေကြိုက်တာလုပ်ပါ။ သူတို့ဘာသာသူတို့ ဗီဇာနဲ့ Work Permit သက်တမ်းတိုးပေးတာသူတို့ကိစ္စ။ ဟုတ်တယ်မလား။ ငါတို့စာအုပ်သက်တမ်းတိုးတာ ငါတို့ကိစ္စ။ အဲဒီတော့ ငါတို့စာအုပ်သက်တမ်း တိုးပေးမယ်။ တိုးပေးတဲ့အထဲမှာ သူတို့ကပါလာမှာ။ MOU လုပ်မယ်ဆိုပြီး သူတို့က လာဝင်မှာ။ ဝင်လာတဲ့အခါ သူတို့က ပိုက်ဆံကောက်မှာ။ ဒီဘက်ကလည်းကောက်၊ ဟိုဘက်ကလည်းကောက်။ အဲဒီတော့ သူတို့ဘက်က ဗီဇာနဲ့ Work Permit တိုးမယ့်ကိစ္စက မင်းတို့ဘာသာ မင်းတို့ကြိုက်သလိုလုပ် ဒီထဲမှာ လာမရောနဲ့ ငါတို့က လည်း ငါတို့စာအုပ်သက်တမ်းတိုးပေးဖို့ကိစ္စ ငါတို့လုပ် မယ်ဆိုပြီး ဖြစ်နေတာ’ဟု ထိုင်းရောက် အခြား သတင်းရင်းမြစ်တစ်ဦးက ဆက်လက်ပြောသည်။

မြန်မာအစိုးရအနေဖြင့် ထိုသို့ဆောင်ရွက်လိုက်ခြင်းသည် မြန်မာလုပ်သားများအတွက် ထိခိုက်နစ်နာ ခြင်းမျိုး မရှိကြောင်း သိရသည်။

သက်တမ်းကုန်ခါနီး မြန်မာလုပ်သားတစ်ယောက်အနေဖြင့် သက်တမ်းတိုး မည်ဆိုပါက ကုန်ကျစရိတ်အမှန်မှာ ဘတ်(၄၀ဝဝ)ခန့်သာ ကုန်ကျမည်ဆိုသော်လည်း လက်ရှိတွင် ဘတ် (၁၀ဝဝဝ)အထက်တွင် ပေးဆောင်နေရကြောင်း သိရသည်။

#centralnewsnaypyitaw

image