13 w - Translate

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးလူ Jack Ma က ပြောပါတယ်။
“မင်းက မျောက်တွေရှေ့မှာ ငှက်ပျောသီးနဲ့ ပိုက်ဆံကို ထားလိုက်ရင် မျောက်တွေက ငှက်ပျောသီးကိုပဲ ရွေးကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီပိုက်ဆံနဲ့ဆိုရင် အခုမြင်နေရတာထက်များတဲ့ ငှက်ပျောသီးတွေ အများကြီး ဝယ်လို့ရတယ်ဆိုတာ သူတို့ မသိကြဘူးလေ။ ပြီးတော့ တကယ်လို့သာ မင်းက လူတွေကို “အလုပ်လား?” ၊ “စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့ အရင်းအနှီးလား?” ဆိုပြီး ရွေးချယ်စရာအခွင့်အလမ်းပေးလိုက်မယ်ဆိုရင်လည်း သူတို့က အလုပ်ကိုပဲ ရွေးကြပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ လူအများစုက စီးပွားရေးလုပ်ခြင်းဟာ လစာထက် ပိုက်ဆံအများကြီး ရနိုင်တယ်ဆိုတာ သိမှ မသိကြတာကိုး။ ဆင်းရဲတဲ့သူတွေ ဆင်းရဲရတဲ့အကြောင်းရင်းတစ်ခုက သူတို့ကို စီးပွားရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေကို အရယူတတ်အောင်၊ အခွင့်အလမ်းတွေကို မြင်တတ်အောင် train ခြင်းမခံထားရလို့ပါ။ သူတို့ဟာ ကျောင်းမှာပဲ အချိန်အများကြီး ကုန်ဆုံးလိုက်တတ်ကြတယ်။
တကယ်တော့ ကျောင်းမှာ သင်ယူရတာတွေဟာ ကိုယ်ပိုင်အလုပ်လုပ်ဖို့ထက် လစာအတွက် အလုပ်လုပ်ဖို့ပါ။ လစာဟာ မင်းကို စားဝတ်နေရေးအတွက် အဆင်ပြေလုံလောက်စေနိုင်ပေမယ့် ကိုယ်ပိုင်စီးပွားရေးရဲ့ အမြတ်ကတော့ မင်းကို ချမ်းသာ ကြွယ်ဝစေပါလိမ့်မယ်” တဲ့။

image