13 ပတ် - ဘာသာပြန်ပါ။

သီလဝါနှင့် ကနောင်မင်းသားအိမ်ရာများမှ အိမ်အခန်းများအား ယာယီနေထိုင်ခွင့်ထုတ်ပေးမည်

ဖေဖော်ဝါရီ ၃

အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဖြစ် ရောင်းချခဲ့သော သီလဝါနှင့် ကနောင်မင်းသားအိမ်ရာများမှ အခန်းများကို ယာယီနေထိုင်ခွင့်ထုတ်ပေးသွားမည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။

ယခင် ၂၀၂၄ ခုနှစ် ဇွန်လအတွင်းရောင်းချခဲ့သည့် အခန်းများ၏ချေးငွေနှင့်ပတ်သက်သည့်လုပ်ငန်းစဉ်များအား CHID Bank မှတဆင့်ဆောင်ရွက်ပြီးဖြစ်သောကြောင့် အခန်းများအား ယာယီနေထိုင်ခွင့်ထုတ်ပေးသွားမည် ဖြစ်သည်။

" ၂၀၂၄ ခုနှစ်၊ ဇွန် ၂၁ ရက်က ရောင်းချခဲ့ပြီးတဲ့သီလဝါနဲ့ ကနောင်မင်းသားအိမ်ရာအခန်းတွေရဲ့ ချေးငွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို CHID Bank ကနေဆောင်ရွက်ပြီးစီးလို့ ဌာနကို အမည်စာရင်းပေးပို့လာတာဖြစ်ပါတယ်။အဲအတွက် အခန်းဝယ်ယူခွင့် ရရှိထားသူတွေကို ယာယီနေထိုင်ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်" ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှအရာရှိတစ်ဦးကပြောသည်။

ယာယီနေထိုင်ခွင့်များကို ဖေဖော်ဝါရီ ၄ ရက်ကနေ ၁၄ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ ရုံးချိန်အတွင်း ပြုလုပ်ပေးသွားမည်ဟုသိရသည်။

ယာယီနေထိုင်ခွင့်ထုတ်ယူမည့်သူများသည် ကိုယ်တိုင်ထုတ်ယူမည်ဆိုပါက မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူလိုအပ်ပြီး၊ ကိုယ်စားထုတ်ယူမည်ဆိုပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ များပါရှိရမည်ဟုသိရသည်။

အဆိုပါယာယီနေထိုင်ခွင့်အပေါ် အသေးစိတ်စုံစမ်းမည်ဆိုပါက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၌ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
"L
သီလဝါအိမ်ရာသည် ရန်ကုန်တိုင်း‌ဒသကြီး၊ သန်လျင်မြို့နယ်တွင်တည်ရှိပြီး ကနောင်မင်းသားအိမ်ရာသည် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့ဆိပ်ကမ်းမြို့နယ်တွင် တည်ရှိသည်။ ယင်းအိမ်ရာတိုက်ခန်းများသည် တစ်ခန်းလျှင် သိန်း ၁၀၀ မှ သိန်း ၁၄၀ ကြား ပေါက်ဈေးဖြင့် နိုင်ငံတော်မှရောင်းချပေးနေခြင်းဖြစ်သည်။

#centralnewsnaypyitaw

image