13 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေအဆင့် လျော့ကျသွားပြီ၊ သို့သော် လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှု မြင့်မားနေဆဲ
IQAir ရဲ့ လေထုညစ်ညမ်းမှု အခြေအနေအဆင့် (LIVE Ranking) က ဒီနေ့ (ဖေဖေါ်ဝါရီ ၃ ရက်) နေ့လည် ၂ နာရီမှာ မြန်မာပြည် ရန်ကုန်မြို့ဟာ အဆင့် ၂ မှ ၁၄ သို့ လျော့ကျသွားတာကို တွေ့ရပါတယ်။ AQI Index ကတော့ ၁၆၀ ရှိနေသေးတာကြောင့် လေထုညစ်ညမ်းမှု အခြေအနေကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။ မနက် ၈ နာရီခွဲအချိန်ခန့်က ရန်ကုန်မြို့ဟာ AQI Index ၂၂၆ နဲ့ အဆိုးဆုံးသော နေ့တနေ့အဖြစ် အဆင့် ၂ နေရာမှာ ရှိနေခဲ့တာပါ။
မင်္ဂလာဒုံ Weather Station က အချက်အလက်တွေအရဆိုရင်တော့ AQI Index 112 နဲ့ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် CO2 ပါဝင်မှုအခြေအနေတွေက မြင့်မားနေဆဲဖြစ်နေတာ တွေ့ရပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်နိုင်

image