13 ပတ် - ဘာသာပြန်ပါ။

100% horror စစ်စစ် Jessabelle (2014)....
မိခင်ဖြစ်သူ ဆုံးပါးသွားပီးထဲက အိမ်က ထွက်လာခဲ့တဲ့ Jessbelle တစ်ယောက်
အိမ်နဲ့ ဝေးရာ သူမကိုယ်ပိုင် ဘဝမှာ ကောင်းမွန်စွာ နေထိုင်နေခဲ့တယ်
ဒါမဲ့ တစ်နေ့မှာပဲ Jessabelle တစ်ယောက် ဆိုးဝါးတဲ့ ကား accident ဖြစ်ပွားခဲ့ပီး အောက်ပိုင်း လုံးဝ မလှုပ်နိုင်တော့အထိ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့တယ်
ဝှီးချဲနဲ့ နေနေရတဲ့ သူမကို ပြုစုမယ့် သူ မရှိတော့ ဖခင်ကြီး ရှိနေတဲ့ သူမ ငယ်ဘဝ အိမ်ကို ပြန်လာခဲ့ရတယ်
Jessabelle တို​့အိမ်ကြီး​က တောစပ်မှာ တည်ရှိနေပီးတော့ ရေကန်ကြီးရဲ​့ တစ်ဖက်မှာ ရှိနေတဲ့ တောကြီးကလဲ ခြောက်ခြားစရာ အပြည့်...
Jessabelle အိမ်ပြန်ရောက်ပီး မကြာခင်မှာပဲ သူမတို​့ အိမ်မှာ ထူးဆန်းတာတွေ ဖြစ်နေတယ်ဆိုတာကို သတိထားမိခဲ့တယ်
ဒီလို သတိထားမိပီး မကြာခင်မှာပဲ သူမအဖေဟာလဲ အဲ့ ထူးဆန်းတဲ့ ပယောဂကြောင့် သေဆုံးသွားခဲ့တယ်
ဒီလိုနဲ့ ဘေးနားမှာ ဘယ်သူမှ မရှိတော့တဲ့ Jessabelle ကို စောင့်ရှောက်ဖို့ ငယ်ဘဝက သူမကို ကြိတ် crush ခဲ့တဲ့ ကောင်​ေလး တစ်ယောက် ​ေရာက်လာခဲ့တယ်
ဝှီးချဲနဲ့ နေနေရတဲ့ Jessabelle အတွက် အိမ်ကြီးထဲက ခြောက်လှန့်မှုတွေက ပိုပိုဆိုးလာခဲ့တယ်
နောက်ပီး နေဝင်ချိန်တိုင်းမှာ Jessabelle တစ်ယောက် မသိုးမသန့် ခံစားနေရတာက ရေကန်ကြီးရဲ့ ဟိုဘက်ကမ်းက စိမ့်ရေတောကြီး...
အဲ့တောကြီးထဲက သူမကို တစ်ခုခုက လှမ်းကြည့်နေတယ်လို့ Jessabelle တစ်ယောက် ခံစားနေရတယ်
သူမရဲ့ ငယ်သူငယ်ချင်း ဖြစ်သူနဲ့ အတူ ရေကန်ကြီးရဲ့ တစ်ဖက်ကမ်းက တောကြီးထဲကို သွားကြည့်လိုက်တဲ့ အခါ တောကြီးထဲမှာ ရှိနေတာတွေက Jessabelle ကို ဘယ်လောက်ထိ ထိတ်လန့်သွားစေမှာလဲ...?
ဒီ ခြောက်လှန့်မှုတွေက အားလုံးက သူမနဲ့ ဘယ်လို ပတ်သတ် ဆက်နွယ်နေတာလဲ ဆိုတာကို Jessabelle တူးဖော်ကြည့်မိတဲ့ အခါ
နောက်ဆုံး သူမ သိလိုက်ရတာကတော့ တကယ်ကို ကျွတ်ဆင်ကြီးလို့ ထအော်ရတဲ့ အထိပဲ...
Jump scare တွေ ပါဝင်နေပေမယ်​့ ဒီကားက insidious နီးပါးကို pure horror vibe ကို ပေးနိုင်တဲ့ ကား ဖြစ်ခဲ့ပါတယ်
Horror ကား ဖြစ်ပေမယ့် မင်းသမီး Sarah Snook ရဲ့ အလှအပတွေကိုလဲ တော်တော်လေး ပေါ်လွင်အောင် ရိုက်ထားတဲ့ ကားလို့ ဆိုရပါမယ်
Horror ကားတွေထဲက Old but Gold ရုပ်ရှင် တစ်ကား အဖြစ် horror ချစ်သူ ပရိတ်သတ်ကြီးအတွက် ညွှန်းဆိုပေးလိုက်ပါတယ်နော်....

image