ပနားမားတူးမြောင်းကို တရုတ်ရဲ့ ဩဇာလွှမ်းထိန်းချုပ်မှု ပြုပြင်ပြောင်းလဲဖို့ အမေရိကန်တောင်းဆို
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃
ပနားမားတူးမြောင်းကို တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ ထိန်းချုပ်မှုတွေကို ချက်ချင်းပြုပြင်ပြောင်းလဲဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ပနားမားအနေနဲ့ ဒီကိစ္စကို မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် နှစ်နိုင်ငံကြား သဘောတူစာချုပ်အရ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်သွားမယ်လို့လည်း သူက သတိပေးထားပါတယ်။
ပနားမားတူးမြောင်းကို ပြန်လည်ရယူမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကတိပြုပြောဆိုထားပြီး ပနာမားသမ္မတ မူလင်နို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုတို့ဟာ ပနားမားစီးတီးမှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် တူးမြောင်းပြသနာက ရူဘီယိုနဲ့ ဆွေးနွေးဖို့မသင့်ဘူးလို့ ပနားမား သမ္မတကဆိုပါတယ်။
ထရန့်ရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး ပနားမားမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ထရန့်နဲ့ မူလင်နိုတို့ရဲ့ ပုံတွေကို ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြပြီး ရဲတပ်ဖွဲ့က မျက်ရည်ဗုံးတွေနဲ့ ဖြိုခွင်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက အမေရိကန်နဲ့ ချုပ်ဆိုခဲ့တဲ့ ကြားနေသဘောတူစာချုပ်အရ ဒီရေလမ်းကို ပနားမားအစိုးရက ပိုင်ဆိုင် လည်ပတ်နေတာဖြစ်ပါတယ်။
ဒါပေမယ့် တူးမြောင်းအနီးရှိ ဆိပ်ကမ်းတွေ တရုတ်အခြေစိုက် ကုမ္ပဏီတွေက ရင်းနှီးမြုပ်နှံမှုတွေ ကြီးကြီးမားမား လုပ်ဆောင်နေကြပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တူးမြောင်းကို ပြန်လည်ရယူဖို့ စစ်ရေးအင်အားသုံးမယ်လို့ မပြောခဲ့ပေမယ့်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ပနားမားမှာတော့ ဒီကိစ္စအပေါ် မကျေနပ်ချက်တွေ တိုးပွားလာနေပါတယ်။
Ref: BBC
Photo:Reuters
#သတင်းဟင်းလေးအိုးကြီး
