လူတွေကိုအပြင်ထွက်မရအောင်ပိတ်လှောင်လိုက်တဲ့ စက်ရုပ်တွေ ..
➪➪➪➪➪➪➪➪➪➪➪➪➪➪
ဒီတစ်ခေါက်တော့ အသစ်ထွက်ရှိထားတဲ့ Sci-Fi/Comedy အမျိုးအစား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ၂၀၄၅ ခုနှစ်မှာ နည်းပညာတွေ အရမ်းတိုးတက်လာတော့ လူသားမျိုးနွယ်တွေဟာ အရာရာကို စက်ရုပ်တွေနဲ့ အစားထိုးလာတာပေါ့။တစ်နေ့ အသိဉာဏ်တုနဲ့ စက်ရုပ်တွေက ဆင့်ကဲပြောင်းလဲလာပြီး လူသားမျိုးနွယ်တွေကို အာဏာသိမ်းလိုက်ပါတော့တယ်။ဒီဇာတ်လမ်းမှာတော့ စက်ရုပ်တွေ အာဏာသိမ်းလိုက်တဲ့အချိန်မှာ အဲလစ်လိုခေါ်တဲ့ အမျိုးသမီးရဲ့အိမ်မှာရှိတဲ့ စက်ရုပ်တွေက ကိုယ့်သခင်ရဲ့ လုံခြုံရေးအတွက် တစ်ယောက်မှအပြင်ထွက်လိုမရအောင် အိမ်တံခါးတွေကို အလုံပိတ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာ အိမ်တွင်းပိတ်မိနေတဲ့ အဲလစ်တိုတစ်တွေ အဲ့ဒီကာလကို ဘယ်လိုဖြတ်သန်းမလဲ။ဘယ်လိုအလွဲတွေ၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ရှုစားရမှာပဲ ဖြစ်ပါတယ်။
#movie
