#သက်ရှိလိပ်ပြာ
ကျွန်တော့်မှာ ငွေ့ရည်ဖွဲ့လွယ်တတ်တဲ့ မျက်ဝန်းအိမ်တွေရှိတယ်။
ခဏခဏ တိုက်စားခံရပါများလို့
ချွန်ထက်စူးမြနေတဲ့ ကျောက်ဆောင်တွေလို စိတ်မျိုးရှိတယ်။
သန်မာတယ် ထင်ရသလောက် ထိရှပဲ့ကျဖို့ကလွယ်။
တစ်ယောက်ယောက်ကသာ အသံပြုလိုက်ရင်
ပြေးကပ်သွားချင်တဲ့ အထီးကျန်စိတ်မျိုးနဲ့
လှိုင်းလုံးလေးတွေလို
တစ်စုံတစ်ယောက်ဆီပဲ ဉီးတည်ပြေးကပ်ချင်နေတဲ့
သတိရစိတ်တွေနဲ့
ဆဌမအာရုံတွေကို ယုံတတ်တာကလွဲရင်
ကျွန်တော်ဟာ..... သက်ရှိလိပ်ပြာလေးတစ်ကောင်ပါ။
#storyarchive