13 ပတ် - ဘာသာပြန်ပါ။

အင်တာမီလန်မှာတုန်းက နှစ်ပွဲဆက်ရှုံးရင် တပတ်စာလစာတွေရဖို့က နောက်ကျပါတယ်၊ အဲဒါစည်းကမ်းပဲ၊ အသင်းက နိုင်ပွဲပြန်မရမချင်း လစာလည်းနှောင့်နှေးနေမှာပဲ၊ ဒါပေမယ့် ဒီစည်းမျဉ်းကို ဘာလော့တယ်လီက ချိုးဖောက်ခဲ့ပါတယ်။ ကျနော်တို့ ၃ ရက်အတွင်း ဖလားပွဲနဲ့ စီးရီးအေပွဲ အရေးနိမ့်ခဲ့တယ်၊ ငါတို့တော့ လစာရတာ နောက်ကျတော့မယ်ဆိုတာကို သိခဲ့တယ်။ အဲဒီနောက် လေ့ကျင့်ရေးကွင်းမှာ ဘာလော့တယ်လီကို မတွေ့ရတော့ဘူး။ မော်ရင်ဟိုက သူ့ကို ဖုန်းခေါ်ပြီး ဆက်သွယ်ခဲ့ရတယ်။
နာရီဝက်လောက်နေတော့ အသင်းဥက္ကဌနဲ့ ဒေါသထွက်နေတဲ့ ဘာလော့တယ်လီတို့ အတူတူလာတာကိုတွေ့လိုက်ရပြီး ဥက္ကဌက ကျနော်တို့ကို အခုလို ပြောပါလေရော။
"မာရီယို၊ မင်း အီတလီလို ဖတ်တတ်လားလို့ ငါ သူ့ကိုမေးတော့ ဖတ်နိုင်တယ်တဲ့၊ အဲဒါကိုမှ သူက ငါ့ရုံးခန်းထဲ ရောက်လာပြီး သူ့ ပိုက်ဆံတွေကို လာတောင်းနေတယ်၊ မင်းတို့ ၂ပွဲဆက်တိုက်ရှုံးလို့ လစာတွေ နောက်ကျမယ်လို့ ပြောတာကိုလည်း သူ လက်မခံဘူး၊ ပွဲ ၁၀၀ ဆက်တိုက်ရှုံးလည်း သူ့လစာကိုပဲ လိုချင်တယ်၊ ကျန်တာကို ဂရုမစိုက်ဘူးတဲ့"
အဲဒီနေ့က ကျနော်တို့အားလုံး ၂ပွဲဆက်ရှုံးပေမယ့် ပထမဆုံးအကြိမ်အဖြစ်နဲ့ လစာတွေ ချက်ချင်းရခဲ့တယ်၊ သူ ဂိုးသွင်းနိုင်ဖို့အတွက်ကို ကျနော်တို့ ဦးစားပေးခဲ့ပြီး ဘောလုံးရတိုင်း သူ့ဆီကိုပဲ ပေးနေတော့တာ၊ ဘာလို့လဲဆိုတော့ သူက အားလုံးအတွက် တိုက်ပွဲဝင်ပေးခဲ့တာလေ၊ ဥက္ကဌထက်တောင်မှ သူက ပိုကောင်းသေးတယ်"
- ဇလာတန်

image