23 w - Translate

ပညာရှင်တွေက နှစ်ပေါင်း ၃၀ အသုံးခံတဲ့ ဘက်ထရီကို တီထွင်
===================================
Lithium-Ion ဘက်ထရီတွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းအင် သိုလှောင်တဲ့ ပမာဏ ကျဆင်းသွားပါတယ်။ Lithium-Ion Battery အများစုဟာ 500-1500 Cycle ပြီးနောက်မှာ ပမာဏများစွာ လျော့နည်းသွားပြီး နေ့စဉ်သုံးရင် သက်တမ်းက ၂ နှစ်၊ ၃ နှစ်ပဲ ခံပါတယ်။
အခုတော့ သုတေသန ပညာရှင်တွေက Aluminium-Ion (Al-Ion) ဘက်ထရီကို တီထွင်လိုက်ပြီး နှစ်ပေါင်း ၃၀ အသုံးခံပါတယ်။ 10,000 Charge & Discharge Cycle ပြီးနောက်မှာ ပမာဏဟာ ၉၉ ရာခိုင်နှုန်း ကျန်ပါသေးတယ်။ နေ့စဉ် တစ်ကြိမ် အားသွင်းရင် နှစ်ပေါင်း ၃၀ နီးပါး အသုံးခံပါတယ်။ အဲဒီ ဘက်ထရီဟာ မီးလောင်ကျွမ်းမှု နည်းပါးတဲ့အတွက် ဘေးကင်းစိတ်ချရတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုလည်း နည်းပါးပြီး လွယ်ကူစွာ စွန့်ပစ်နိုင်ပါတယ်။
ဘက်ထရီကို မှီခိုပြီး လျှပ်စစ်မီး အသုံးပြုနေရတဲ့ဒေသတွေ၊ အာကာသစူးစမ်းလေ့လာရေးလို နယ်ပယ်တွေမှာ ဒီ ဘက်ထရီ နည်းပညာက အသုံးဝင်လာမှာ ဖြစ်ပါတယ်။

image