၁၂ နှစ်နီးပါးအကြာမှာ ငယ်ဘဝကလပ်ထံ ပြန်လာသူ သို့မဟုတ် နေမာ

ဖေဖော်ဝါရီ ၃

ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းပြီး ဆန်းတို့စ်အသင်းနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။

နေမာဟာ အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ် မဖျက်သိမ်းခင်မှာကတည်းက မေဂျာလိဂ်ကလပ် အသင်းအချို့ အပါအဝင် ကလပ်အသင်းအချို့ရဲ့ ချိတ်ဆက်မှုတွေကို ခံခဲ့ရတာပါ။

ဒါပေမယ့် နေမာဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ဘရာဇီးလ်ကလပ် ဆန်းတို့စ် အသင်းထံ ၁၂ နှစ်နီးပါးအကြာမှ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပုံ - နေမာကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image