13 ပတ် - ဘာသာပြန်ပါ။

ဆန်းတို့စ်ကစားသမားသစ်အဖြစ် မိတ်ဆက်ပွဲမှာ နေမာဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က အောင်ပွဲခံဟန်နဲ့ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။ အဲဒီအောင်ပွဲခံဟန်ကတော့ ဘိုလီဗီးယားကလပ် ဘိုလီဗာနဲ့ကစားခဲ့တဲ့ ကိုပါလီဘာတေးဒိုးစ်ဖလားပွဲတုန်းက သူလုပ်ပြခဲ့တာပါ။
၂၀၁၂ တုန်းကဖြစ်ပြီး အဲဒီတုန်းက ဆန်းတို့စ်ဟာ အဝေးကွင်းမှာ ၂-၂ သာကစားနိုင်ခဲ့ပါတယ်။ ပထမအကျော့ဖြစ်ပြီး ပွဲအပြီးမှာ ဘိုလီဗာနည်းပြက နေမာဆိုတာ ဘယ်သူလဲလို့ မေးပြီး လှောင်ပြောင်သွားခဲ့ပါတယ်။ ဒါကို နေမာက တေးထားခဲ့ပါတယ်။
ဆန်းတို့စ်ကွင်းမှာ ဒုတိယအကျော့ကစားခဲ့တဲ့အချိန် နေမာက ကိုယ်တိုင် ၂ဂိုးသွင်းပြီး ၃ကြိမ်ဖန်တီးပေးကာ ၈-၀ နဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ နေမာဟာ ဂိုးသွင်းပြီးနောက် ဘိုလီဗာနည်းပြဘက်လှည့်ပြီး ပုံထဲ့အတိုင်းအောင်ပွဲခံပြသွားခဲ့တာပါ။ အခု ၁၃ နှစ်ကြာပြီးနောက် အဲဒီအောင်ပွဲခံဟန်ကို သူ ပြန်လုပ်ပြခဲ့ပါတယ်။

image