ကျန်းမာရေးအတွက်စနစ်တကျရေသောက်နည်း
(၁) တညတာလုံး ငြိမ်သက်နေတဲ့
ခန္ဓာကိုယ်တွင်း ကလီစာများကို
ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့
နံနက်အိပ်ယာ ထတာနဲ့
ရေ ၂ - ခွက် သောက်ပေးရပါမယ်။
(၂) အစာကြေညက်စေဖို့
ထမင်းမစားခင် နာရီ၀က်ကြိုတင်၍
ရေ ၁ - ခွက် သောက်ပေးရပါမယ်။
(၃) သွေးခုန်နှုန်း မှန်စေရန်နဲ့ သွေးကျစေဖို့
ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။
(၄) လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင်
ညမအိပ်ခင် ရေ ၁ - ခွက် သောက်ပေးရပါမယ်။
(၅) အိပ်ပျော်နေစဉ်
ခြေသလုံး ကြွက်သားတွေ
ကြွက်တက်ခြင်း မဖြစ်ရလေအောင်
ညဘက်တရေးနိုးတဲ့အခါ ရေတခွက်သောက်ပေးပါ။
- ရေ(လုံး၀) မသောက်သင့်ဆုံးအချိန်က
အထူးသဖြင့် ထမင်းစားရင်း
ရေခဲရေအေးအေး သောက်တဲ့အခါ
ဟင်းလျာထဲမှာပါရှိတဲ့ အဆီအနှစ်တွေက
ရေခဲရေနဲ့တွေ့ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းမှာ
ရွံ့စေးအနယ်အနှစ်များသဖွယ်
ခဲပျစ်သွားတတ်ကြပြီး၊
အစာကောင်းစွာ မချက်နိုင်တော့ဘဲ
အူကင်ဆာ ဖြစ်လာစေပါတယ်။
ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း
ရေခဲရေသောက်လိုက်တဲ့ အခါများမှာလည်း၊
အပူအအေး တပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက် ဖြစ်စေပါတယ်။
အပူအအေး တန်ပြန်သက်ရောက်မှုက
အစာအိမ် အက်ဆစ်ထွက်ရှိမှုကို
ကမောက်ကမ ဖြစ်လာပြီး
ဗိုက်နာဗိုက်အောင့် စေပါတော့တယ်။
ဒါကြောင့် ထမင်းစားနေစဉ်မှာ
ရေခဲရေ ရေအေးတို့ဖြင့် မျှောမချဘဲ
ဟင်းချိုပူပူ (သို့မဟုတ်)
ရေနွေးဖြူ (သို့မဟုတ်)
ရေနွေးကြမ်းတို့ဖြင့်သာ
ထမင်းလုပ် မနင်အောင် မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ကျော်ကြာမှသာ သောက်ရေအေး သောက်ကြပါရန်
အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက
Daily Health Tips ( ခေါ် ) အင်တာနက်သတင်းမှာ အကြံပေး ဖော်ပြသွားခဲ့ပါတယ်။
#ပြန်လည်ကူးယူဖော်ပြခြင်းသာဖြစ်ပါသည်
#ကျန်းမာရေးဗဟုသုတ

image