မန်ချက်စတာစီးတီးအသင်းအနေနဲ့ အက်ဖ်စီပေါ်တိုအသင်းကွင်းလယ်ကစားသမားနီကိုဂွန်ဇာလက်ချ်ကိုအသင်းကွင်းလယ်ပိုင်းဆီခေါ်ယူအားဖြည့်ရေးအတွက်ခေါ်ယူရန်စဉ်းစားသုံးသပ်နေတယ်လို့သတင်းတွေကဖော်ပြခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ အက်ဖ်စီပေါ်တိုအသင်းရဲ့ကွင်းလယ်ကစားသမားနီကိုဂွန်ဇာလက်ချ်ကိုအသင်းဆီခေါ်ယူဖို့စဉ်းစားသုံးပ်နေပြီး ဒီတကြိမ်ကစားသမားအပြောင်းအရွှေ့စျေးကွက်မှာတော့မန်စီးတီးအသင်းအနေနဲ့အသင်းကွင်းလယ်ပိုင်းမှာခေါ်ယူအားဖြည့်ချင်နေတယ်လို့ ဒေးလီးမေးလ်သတင်းကဘဖော်ပြခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်နီကိုဂွန်ဇာလက်ချ်ဟာဘာစီလိုနာလူငယ်အသင်းကနေပေါက်ဖွားလာခဲ့ပြီးသူ့အနေနဲ့ ကွင်းလယ်ပိုင်းနေရာတွေမှာကစားနိုင်ခဲ့ကာ ဒီရာသီကာလမှာအက်ဖ်စီပေါ်တိုအသင်းနဲ့ခြေစွမ်းပြကစားနိုင်ခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့ပြိုင်ပွဲစုံ ၂၉ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၇ ဂိုးသွင်းပြီး ၆ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
နီကိုဂွန်ဇာလက်ချ်မှာအေးဂျင့်ရှိပြီးအဆိုပါကစားသမားရဲ့ပြောင်းရွှေ့ကြေးကိုယူရိုသန်း ၆၀ သတ်မှတ်ထားပေမဲ့မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီထက်နိမ့်တဲ့ငွေပမာဏနဲ့ဆွေးနွေးမှုရယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
