ရေးရဲစခန်းမှာ အချုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုဖြစ်ပြီး အချုပ်သားလေးယောက်ထွက်ပြေးသွား၊ ဒုရဲအုပ်အပါသုံးယောက်သေ

ဖေဖော်ဝါရီ ၂

မွန်ပြည်နယ်၊ ရေးမြို့ရဲစခန်းမှာ ချုပ်ထားတဲ့ အချုပ်သားလေးယောက်ထွက်ပြေးပြီး ဒုရဲအုပ်အပါသုံးယောက်သေနတ်နဲ့ပစ်ခံရပြီးသေဆုံးခဲ့မှု ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။

" မနက်၉နာရီလောက်ကဖြစ်သွားတာ။ ဒုရဲအုပ်နဲ့အဖွဲ့က ထမင်းလာပေးချိန်ကို အချုပ်သားတွေက သေနတ်တွေလုပြီး ပစ်လို့ဒုရဲအုပ်အပါသုံးယောက်သေသွားတယ်။ စခန်းမှူးကတော့ခုထိဆေးရုံမှာ။ရင်ဘတ်ကျည်ဖောက်သွားတာ သူလည်းစိုးရိမ်ရတယ်။အချုပ်သားက လေး​ယောက်လွတ်သွားတယ်သိရတယ်" လို့ ရဲစခန်းနဲ့နီးစပ်သူ ဒေသခံကပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားသူတွေက အဆိုပါရေးမြို့မရဲစခန်းမှ ဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ဖြစ်ကြောင်း နေရာမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အချုပ်သားအချို့ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ရေးမြို့မရဲစခန်းအတွင်း ကျန်ခဲ့တဲ့အချုပ်သားတွေနဲ့ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စခန်းမှူးဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ကနဦး သိရပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားလေးယောက်ကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေညလုပ်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊အောင်ပန်းရဲစခန်းရဲ့အချုပ်ခန်းမှာချုပ်ထားတဲ့အချုပ်သား ၁၀ ယောက် ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး နှစ်ယောက်ကိုတော့ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Photo - CJ

#သတင်းဟင်းလေးအိုးကြီး

image