ရေးမြို့မ ရဲစခန်းတွင် အချုပ်သားများက သေနတ်လုယူ ပစ်ခတ်၊ ထွက်ပြေးသည့် ဖြစ်စဉ် ဖြစ်ပွား
ဖေဖော်ဝါရီ ၂
မွန်ပြည်နယ်၊ ရေးမြို့ မရဲစခန်း တွင် ရေးမြို့မ ရဲစခန်းတွင် အချုပ်သားများက သေနတ်လုယူ ပစ်ခတ်၊ ထွက်ပြေးသည့် ဖြစ်စဉ် ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်း ရရှိသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်း ၉ နာရီကျော် အချိန်ခန့်က အချုပ်သားများထံ ထမင်းပုံးများ ပေးနေစဉ် အချုပ်သားများက ရဲတပ်ဖွဲ့ဝင် ၃ ဦးထံက သေနတ်ကို လုယူပစ်ခတ်သောကြောင့် အထက်ပါ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နေ့လည်ပိုင်း ၁၂ နာရီကျော် အချိန်ခန့်တွင် ရဲစခန်း အတွင်း ခုခံ ပစ်ခတ်နေသော အချုပ်သားများက ပြန်လည် အဖမ်းခံခဲ့ပြီး ထွက်ပြေး လွတ်မြောက်သူ အချို့လည်း ရှိခဲ့ကြောင်း ကနဦး သတင်း ရရှိသည်။
“ရဲရဲ့ သေနတ်ကို ယူပြီး ပစ်တယ် ပြောတယ်။ အဲဒီကနေ ဇာတ်လမ်းစတာပါ။ သုံးယောက် လွတ်တယ် ကြားတယ်။ တစ်ယောက်ကိုတော့ အသေမိတယ်လို့ ကြားပါတယ်။ အချိန်အားဖြင့် နှစ်နာရီ ကြာ လောက် အထိ သေနတ်သံတွေ ကြားရတယ်” ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်တွင် မြို့မ ရဲစခန်းမှူး လည်း ဒဏ်ရာရရှိခဲ့သည်ဟု ကနဦး သိရှိရပြီး နောက်ဆက်တွဲ ဖြစ်ရပ်များကို သိရှိရန် အတွက် ထပ်မံ စုံစမ်း မေးမြန်းနေဆဲ ဖြစ်သည်။
#centralnewsnaypyitaw
