မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရူဘင်အာမိုရင်က တကယ်လို့ ဒီဇန်ဝါရီကာလမှာအသင်းတိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းမပြောင်းရွှေ့ဘူးဆိုရင်တော့ အခွင့်အရေးပေးဖို့အဆင်သင့်ဖြစ်နေပေမဲ့ ကစားသမားအနေနဲ့ကိုယ့်ကိုကိုယ်ပြုပြင်ပြောင်းလဲရမှာဖြစ်ကြောင်းပြောဆိုလာခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက အသင်းမှာမရှိတော့ဘဲ ပေါ်တူဂီနည်းပြကြီးအနေနဲ့အသင်းဆီဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာဖြစ်ပါတယ်။နည်းပြအနေနဲ့လည်းဒီတိုက်စစ်ကစားသမားကိုအသုံးပြုမှာမဟုတ်ကြောင်းထပ်ခါတလဲလဲပြောဆိုထားခဲ့တာကြောင့်ဒီစျေးကွက်ကာလမှာအသင်းကနေပြောင်းရွှေ့ဖို့ကောလဟာလသတင်းတွေထွက်ပေါ်စေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဆိုပါအဂ်လန်ကစားသမားအနေနဲ့ အသင်းကနေပြောင်းရွှေ့ထွက်ခွာမဲ့အရိပ်အယောင်မရှိဘဲ စိတ်ဝင်စားမှုတွေရှိနေပေမဲ့လည်းနောက်ဆုံးမှာတော့ အာမိုရင်အနေနဲ့ အခွင့်အရေးပေးဖို့အဆင်သင့်ဖြစ်နေကာ ကစားသမားအနေနဲ့ပြုပြင်ပြောင်းလဲဖို့သာလိုတယ်လို့ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

ငါတို့အသင်းနဲ့ကစားသမားရဲ့ပရိုဖိုင်ကိုကြည့်ကြည့်ရမယ်ဆိုရင် ရက်ရှ်ဖို့ဒ်ရဲ့ပုံရိပ်ရော အသင်းပါ ဒီထက်မကအများကြီးပိုကောင်းလာနိုင်ပေမဲ့ သူ့အနေနဲ့ပြုပြင်ပြောင်းလဲရုံပဲ့လုပ်ဆောင်ရပါမယ်။

တကယ်လို့သူ့အနေနဲ့ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင်ငါတို့အနေနဲ့ ရက်ရှ်ဖို့ဒ်ရဲ့အစွမ်းအစတွေကိုအသုံးချလို့ရပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ ငါတို့စံချိန်စံနှုန်းတွေသတ်မှတ်ဖို့လိုအပ်ပါတယ်။ငါတို့အနေနဲ့မားကပ်စ်ကိုစောင့်နေပါတယ်။တကယ်လို့သူ့အနေနဲ့အခွင့်အရေးတကယ်လိုချင်ရင်တော့ဒီဟာက ကျနော့်နဲ့မားကပ်စ်ရဲ့ပုဂ္ဂိုလ်ရေးကိစ္စမဟုတ်တော့ပါဘူး။ဒါပေမဲ့လူတိုင်းစည်းမျဉ်းတခုတည်းအောက်မှာရှိရပါမယ်။

ကစားသမားအားလုံးဟာအတူတူပါပဲ့။ရက်ရှ်ဖို့ဒ်လည်းရွေးချယ်မခံခဲ့ရသလိုမျိုးပါပဲ့။ဒီဟာက ကျနော့်ရဲ့ရွေးချယ်စရာလမ်းကြောင်းဖြစ်ပါတယ်။သူလေ့ကျင့်မှုကောင်းကောင်းမလုပ်နိုင်တာဟာ ကျနော်သူ့ကိုပြောလို့ရတဲ့အရာဖြစ်ပါတယ်။ငါတို့မှာ မားကပ်စ်ရှိမယ်ဆိုရင်ဒီထက်ပိုကောင်းတဲ့အသင်းဖြစ်လာမှာဖြစ်ပြီးသူ့မှာအရည်အသွေးတွေရှိပါတယ်။ဒါပေမဲ့ မှန်ကန်လာမဲ့အချိန်ရောက်လာမှဖြစ်ပြီးဒီလိုမဟုတ်ရင်တော့ကျနော့်အနေနဲ့ပြောင်းလဲမှာမဟုတ်ဘူးလို့အာမိုရင်ကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image