ပျားရည်စစ်ရင် ချိုပါတယ်လို့ တံဆိပ်ကပ်ထားစရာမလိုပါဘူး။
သူ့ရဲ့ innate quality ကိုက ချိုတာပါ။
မွှေးတဲ့ပန်းတစ်ပွင့်ကလည်း
ကျွန်မမွှေးပါတယ်လို့ ပြောနေစရာမလိုပါဘူး။
ပျားပိတုန်းတွေက အလိုလိုလာတာပါ။
ကိုယ်ဘယ်လိုလူပါ၊ ကိုယ့်ရဲ့ qualities တွေက
ဘာပါဆိုတာကိုလည်း တမင်ကြေငြာနေစရာမလိုဘဲ
ကိုယ့်နာမည်ကြားတာနဲ့ ကိုယ့်ဂုဏ်သတင်းကြားတာနဲ့
ကိုယ်ကျင်လည်တဲ့အသိုင်းအဝိုင်းကလူတွေကြားထဲ
လေးစားမှုရအောင် တည်ဆောက်တဲ့ ပညာကို
Image Creation လို့ခေါ်ပါတယ်။
#crd
