13 w - Translate

အင်းတော်ကြီးတွင် ဆောင်းခိုငှက် ဝင်ရောက်မှု လျော့နည်း
------------------------
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်နဲ့ ဆက်စပ်ရေဝပ်ဒေသတွေမှာ ဆောင်းခို ရေပျော်ငှက် ဝင်ရောက်မှုဟာ အရင်နှစ်ထက် အနည်းငယ် လျော့နည်းသွားတယ်လို့ အင်းတော်ကြီး ဘေးမဲ့တော အုပ်ချုပ် ရေးမှူးရုံးက သိရပါတယ်။

အခုနှစ် ဇန်နဝါရီလအတွင်း အဲဒီဒေသမှာ အာရှရေပျော်ငှက်စာရင်း ကောက်ယူမှုအရ ရှားပါး ဆောင်းခိုရေပျော် ငှက်မျိုးစိတ် (၂၈)မျိုး၊ ကောင်ရေ ၁၆၀၀၀ ကျော်နဲ့ ဒေသရင်းရေပျော်ငှက်မျိုးစိတ် (၁၈)မျိုး၊ ကောင်ရေ ၄၀၀၀ နီးပါး ကောက်ယူနိုင်ခဲ့ပြီး ငှက်မျိုးစိတ် စုစုပေါင်း ၄၆ မျိုးနဲ့ ကောင်ရေ နှစ်သောင်းကျော် ကောက်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အရင်နှစ်နဲ့နှိုင်းယှဉ်ရင် ငှက်မျိုးစိတ်တစ်မျိုးနဲ့ ကောင်ရေ(၁၂၀၀)ကျော် လျော့နည်းသွားတယ်လို့ သိရပါတယ်။

ငှက်စာရင်းကောက်ယူရာမှာ အင်းတော်ချောင်းအတွင်းကနေ စက်လှေနဲ့ သွားရောက်ကောက်ယူကြရတာပါ။ သွားလာရေးအခက်အခဲနဲ့ ရာသီဥတုအခြေအနေတွေ၊ ကိုင်းတော ထူထပ်တာတွေကြောင့် ငှက်မျိုးစိတ်တွေကို မြင်တွေ့နိုင်ဖို့နဲ့ အကောင်ရေ ရေတွက်ရာမှာ ခက်ခဲမှု ရှိတဲ့အတွက် အကောင်အရေအတွက် မှတ်တမ်းတင်ရာမှာ အနည်းငယ် တိမ်းစောင်းမှု ရှိနိုင်တယ်လို့ သိရပါတယ်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ အများဆုံး တွေ့ရှိရတဲ့ ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ်တွေ ကတော့ ကြိုးကြာခေါင်းမဲ၊ ရေကြက်ဒုံ၊ စင်ရော်ခေါင်းညို၊ တောငန်း စတဲ့ ငှက်မျိုးစိတ်တွေဖြစ်ပြီး အရင်နှစ်က မတွေ့ရှိခဲ့တဲ့ ဒုံးမြီးကွက်ငှက်၊ ဂေါ်ပြားနှုတ်သီးပုံဘဲ၊ ဘဲကျားလေး၊ အမောက်ပါ တစ်တီတူး ငှက်မျိုးစိတ် လေးမျိုး ကို ပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ အင်းတော်ကြီး ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ အလားတူ ပဲခူးတိုင်းဒေသကြီးအတွင်းက မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာလည်း အခုနှစ် အတွင်း ငှက်အကောင်ရေ (၂၉၀၀၀)ကျော် လာရောက်ဆောင်းခို ကျက်စားခဲ့တယ်လို့ သိရပါတယ်။

image
image
image
image
image