13 w - Translate

ကွတ်ကီးများတွင် အဆိပ်ဖြစ်စေသည့် ဓာတုပစ္စည်းများတွေ့ရှိ
------------------------
Girl Scout Scout ကွတ်ကီးတွေမှာ အဆိပ်အတောက်ပါဝင်မှုနှုန်းမြင့်မားတဲ့ ဓာတုပစ္စည်းတွေ တွေ့ရှိခဲ့ကြောင်း GMO Science ၊ Moms Across America က သတိပေးထားပါတယ်။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီး ယား၊ အိုင်အိုဝါနဲ့ လူဝီစီယားနားပြည်နယ်တွေက Girl Scout ကွတ်ကီး ၂၅ မျိုးကို စစ်ဆေးခဲ့ရာမှာ ၁၃ ရာခိုင်နှုန်း က ကင်ဆာ၊ endocrine ၊ အူပြဿနာနဲ့ ကိုယ်ဝန်ပျက်ကျမှုတွေအပြင် တခြား ကျန်းမာရေးပြဿနာများစွာ ဖြစ် ပေါ်နိုင်တာကို တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ကွတ်ကီးတွေမှာ အဆိပ်သင့်စေနိုင်တဲ့ သတ္တု ၅ မျိုးဖြစ်တဲ့ အလူမီနီယမ်၊ အာဆင်းနစ်၊ ကတ်မီယမ်၊ ခဲနဲ့ ပြဒါးတို့ ပါဝင်နေတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ကတ်မီယမ်နဲ့ ခဲ ပါဝင်မှုက ကင်ဆာနဲ့ ဦးနှောက်ချို့ယွင်းမှု ဆက် စပ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ကွတ်ကီး ၇၆ ရာခိုင်နှုန်းမှာ EPA ကန့်သတ်ချက်ထက်ကျော်လွန်တဲ့ ကတ်မီ ယမ်ပါဝင်မှု မြင့်မားနေတာကိုလည်း တွေ့ရှိ ခဲ့တယ်လို့ MOScience၊ Moms Across America က တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

အနိမ့်ဆုံး ပြဒါးအဆင့် ၀ ဒသမ ၀၇ ppb ကနေ ၄၃ ဒသမ ၅ ppb အထိ ပါဝင်နေတာဖြစ်ပြီး အလူမီနီယမ် အဆင့် က ၂၇ ဒသမ ၅ (27,500 ppb) အထိ ပါဝင်နေမှုက များပြားတဲ့ပမာဏတစ်ခုဖြစ်ပြီး အော်ဂဲနစ်ပစ္စည်းတွေ မဟုတ် တဲ့အပြင် အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုထားတာကြောင့် အထူးသတိထား စားသုံးကြ ဖို့ကိုလည်း သတိပေးထားပါတယ်။

imageimage