မန်းရွှေစက်တော်ဘုရားပွဲ နှစ်လကျော်ကြာ ကျင်းပမည်

ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ နှစ်လကျော်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီမှ သိရသည်။

ပွဲတော်ကာလအတွင်း ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင်အခန်းပေါင်း ၃၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၃၅၀ ခန့် ဆောက်လုပ်ပေးထားပြီး၊ ဘုရားဖူးလာရောက်ကြမည့်သူများကို တည်းခိုဆောင်များ၌ ညအိပ်တည်းခိုနားနေခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဘုရားပွဲတော်ကာလ ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းကိုလည်း တစ်ဆက်တည်း ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image